တရားမဝင် စားသောက်ကုန်၊ လူသုံးကုန်၊ လုပ်ငန်းသုံးပစ္စည်းများနှင့် မော်တော်ယာဉ်များ ဖမ်းဆီးရမိ

နေပြည်တော်  မတ် ၁၈

တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာတွင် အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျအကောက်ခွန်အဖွဲ့များက စစ်ဆေး မှုများ ဆောင်ရွက်ခဲ့ရာ မတ် ၁၁ ရက်၊ ၁၂ ရက်၊ ၁၄ ရက်နှင့် ၁၅ ရက်နေ့တို့တွင် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ခရီးသည်ဝန်စည်များအတွင်းမှ တရားဝင်စာရွက်စာတမ်း တင်ပြနိုင်ခြင်းမရှိသော WESTAR Watch(၁၀)လုံး၊ BILANO Watch  Couple(၁၀)လုံး၊ Fine Japan Supplement (၂၈၈)ခု၊ MOTOROLA Walkie-talkie (၁၈)လုံး၊ ABORNI Watch (၄)လုံး အပါအဝင် ကုန်ပစ္စည်း(၆)မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၄,၇၆၂,၀၀၀)ကို လည်းကောင်း၊ မတ် ၁၅ ရက်နှင့် ၁၆ ရက်တို့တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၊ လေဆိပ်(သွင်းကုန်)၌ ဝန်စည်များ အတွင်းမှ Personal Allowance နှင့်အကျုံးဝင်ခြင်းမရှိသော HP 15.6" Laptop (၂)လုံးအပါအဝင် ကုန်ပစ္စည်း(၂)မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၇,၀၅၆,၀၀၀)နှင့် သွင်းကုန်ကြေညာလွှာတွင် ကြေညာထားသည်နှင့် ကွဲလွဲစွာပါရှိလာသော Polyester Laminated (၃၇၆၅ ဒသမ ၅) မီတာ (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၁,၀၀၀,၀၀၀)ကိုလည်းကောင်း၊ မြန်မာစက်မှုဆိပ်ကမ်းကုန်သေတ္တာ စစ်ဆေးရေးစခန်း၌ ကုန်သေတ္တာ(၆)လုံးအတွင်းမှ သွင်းကုန် ကြေညာလွှာတွင် ကြေညာထား ခြင်းမရှိသော Washing Machine Hose Pipe(၁၈၀)ကီလိုဂရမ်၊ Bolt and Nut(၄၃၀၀၀)ကီလိုဂရမ်(ခန့်မှန်းတန်ဖိုးငွေကျပ် ၈၀,၀၁၄,၂၀၀)၊ ပို့ကုန်ကြေညာ လွှာတွင် ကြေညာထားသည်နှင့်ကွဲလွဲစွာပါရှိလာသော Dried Konjac Chips (၂၆၂၉၀)ကီလိုဂရမ် (ခန့်မှန်း တန်ဖိုးငွေကျပ် ၃၈,၆၄၆,၃၀၀)နှင့် Valid for Prior Arrival (VPA) (၆၁)ရက် ကျော်လွန်သည့် ပစ္စည်းများဖြစ်သော Minigao Children Bicycle(၄၀၀)စီး၊ Ball Bearing with Housing Pillow Block Bearing (၁၀၂၀)ခု၊ Stacking Machine(၁)လုံး အပါအဝင် ကုန်ပစ္စည်း(၂၁)မျိုး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၁၀၁,၇၈၈,၈၄၈)ကို လည်းကောင်း၊ အေးရှားဝေါလ်ကုန်သေတ္တာစစ်ဆေးရေးစခန်း၌ ကုန်သေတ္တာ(၁)လုံးအတွင်းမှ Valid for Prior Arrival (VPA) (၆၁)ရက် ကျော်လွန်သည့်ပစ္စည်းများ ဖြစ်သော Hand Trolley Capacity (၅)စီး အပါအဝင် ကုန်ပစ္စည်း(၆)မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၉,၉၁၄,၁၀၀)ကိုလည်းကောင်း၊ စုစုပေါင်း(ခန့်မှန်းတန်ဖိုးငွေကျပ် ၂၆၃,၁၈၁,၄၄၈)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံး လုပ်နည်း နှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ထပ်မံ၍ အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် မွန်ပြည်နယ်၊ မရမ်းချောင်အမြဲတမ်း စစ်ဆေးရေးစခန်း၌ ပူးပေါင်းအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ မတ် ၁၅ ရက်တွင် ရေးမြို့မှ ရန်ကုန်မြို့သို့ ထွက်ခွာလာသော မော်တော်ယာဉ်(၁)စီးပေါ်မှ တရားဝင်စာရွက်စာတမ်း တင်ပြနိုင်ခြင်း မရှိသည့် Wai Wai Instant Rice Vermicelli (၄၀)ဖာ၊ Gaysorn ဟင်းသီးဟင်းရွက်ဆီ (၁၈၀၀)လီတာ (ခန့်မှန်းတန်ဖိုးငွေကျပ် ၆,၇၀၀,၀၀၀)နှင့် အဆိုပါ ပစ္စည်းများတင်ဆောင်သော Hino Bus (၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၀,၀၀၀,၀၀၀) ကိုလည်းကောင်း၊ မတ် ၁၆ ရက်တွင် မော်လမြိုင်မြို့မှ မန္တလေးမြို့သို့ ထွက်ခွာလာသော မော်တော်ယာဉ်(၁)စီးပေါ်မှ တရားဝင်စာရွက်စာတမ်း တင်ပြနိုင်ခြင်း မရှိသော M-150 အချိုရည်(၁၀၀)ဖာ၊ Wai Wai Instant Rice Vermicelli (၄၅)ဖာ (ခန့်မှန်းတန်ဖိုး ငွေကျပ် ၄,၂၇၅,၀၀၀)နှင့် အဆိုပါပစ္စည်းများတင်ဆောင်သော ANKAI Bus(၁)စီး (ခန့်မှန်းတန်ဖိုး ငွေကျပ်၄၀,၀၀၀,၀၀၀) ကိုလည်းကောင်း၊ စုစုပေါင်း(ခန့်မှန်းတန်ဖိုးငွေကျပ်  ၈၀,၉၇၅,၀၀၀ )ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။

ထို့အပြင် မတ် ၁၆ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် အမှတ်(၂)ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲ၊ လိုင်စင်မဲ့ယာဉ် ဖမ်းဆီးရမိ ရေးအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ကမာရွတ်မြို့နယ်၊ လှည်းတန်းလမ်းမပေါ် လှည်းတန်းဈေးရှေ့၌ ရပ်တန့်ထားသော လိုင်စင်မဲ့ Nissan March (၁)စီး(ခန့်မှန်းတန်ဖိုးငွေကျပ် ၂,၅၀၀,၀၀၀)ကို ဖမ်းဆီး အရေးယူဆောင်ရွက်လျက်ရှိသည်။

အလားတူ မတ် ၁၇ ရက်တွင် မွန်ပြည်နယ် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူး အဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် သံလွင်တံတား(မော်လမြိုင်)စစ်ဆေးရေးဂိတ်၌ တာဝန်ကျစစ်ဆေးရေး အဖွဲ့က မုတ္တမဘက်အခြမ်း၌ သထုံမြို့သို့သယ်ဆောင်ရန် စုပုံထားသောပစ္စည်းများအားသွား ရောက် စစ်ဆေးခဲ့ရာ တရားဝင်စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်းမရှိသော ထိုင်းနိုင်ငံထုတ် ပုဇွန်နှစ်ကောင် စားသုံးဆီ(၁၂၉၀)လီတာ(ခန့်မှန်းတန်ဖိုးငွေကျပ် ၃,၆၁၈,၀၀၀) ကို  ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

သို့ဖြစ်ပါ၍ မတ် ၁၁ ရက်၊ ၁၂ ရက်၊ ၁၄ ရက်၊ ၁၅ ရက်၊ ၁၆ ရက်နှင့် ၁၇ ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ (၂၀)မှု၊ (ခန့်မှန်းတန်ဖိုးငွေကျပ်  ၃၅၀,၂၇၄,၄၄၈) ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီမှသိရသည်။

သတင်းစဉ်