“အသေးစားစက်မှုလက်မှု ထုတ်ကုန်နှင့်ထုတ်ပိုးမှုဆိုင်ရာ စက်ပစ္စည်းများ ပြပွဲ၊ ပြိုင်ပွဲနှင့်ဈေးရောင်းပွဲတော်” ဒုတိယနေ့ ဆက်လက်ကျင်းပ

နေပြည်တော်  မတ် ၁၈

နေပြည်တော် ဥပ္ပါတသန္တိစေတီတောင်ဘက်မုဒ်ရှေ့ရှိ တပေါင်းကွင်း၌ ၇၈ နှစ်မြောက်တပ် မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၏ “အသေးစားစက်မှုလက်မှုထုတ်ကုန်နှင့် ထုပ်ပိုးမှုဆိုင်ရာ စက်ပစ္စည်းများ ပြပွဲ၊ ပြိုင်ပွဲ၊ ဆွေးနွေးပွဲနှင့် ဈေးရောင်းပွဲ”ကို ကျင်းပလျက်ရှိသည်။

“အသေးစားစက်မှုလက်မှု ထုတ်ကုန်နှင့်ထုတ်ပိုးမှုဆိုင်ရာစက်ပစ္စည်းများ ပြပွဲ၊ ပြိုင်ပွဲနှင့်ဈေးရောင်းပွဲတော်”ဒုတိယနေ့တွင် နေပြည်တော်အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ အသေး စားစက်မှုလက်မှုဆိုင်ရာယွန်း၊ ရက်ကန်းနှင့် စားသောက်ကုန်၊ လူသုံးကုန်ဆိုင်ရာ ထုတ်ကုန်ပြခန်း ပေါင်း (၄၉)ခန်းနှင့် ထုပ်ပိုး မှုဆိုင်ရာ စက်ပစ္စည်းပြခန်း(၁၇)ခန်းစုစုပေါင်းပြခန်း (၆၆)ခန်းကို  နံနက် ၈ နာရီမှ ညနေ၅ နာရီခွဲအထိ ခင်းကျင်းပြသရောင်းချလျက်ရှိရာ လာရောက်ကြည့်ရှု အားပေးသူများ ဖြင့် စည်ကားလျက်ရှိသည်။

အဆိုပါပွဲတော်ကို  မတ် ၁၇ ရက်မှ ၁၉ ရက်အထိ ကျင်းပသွားမည်ဖြစ်ကြောင်းနှင့် မည်သူ မဆို အခမဲ့လာရောက်ကြည့်ရှု၍ ကုန်ပစ္စည်းများကို ချိုသာသော ဈေးနှုန်းများဖြင့် ဝယ်ယူအားပေးနိုင်ကြောင်း သိရသည်။

သတင်းစဉ်