ဒုတိယဝန်ကြီး ဦးမြင့်စိုး ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

နေပြည်တော် မတ် ၁၈

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့်စိုးသည် တာဝန်ရှိသူ များနှင့်အတူ ယမန်နေ့ နံနက်ပိုင်းက ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးမြို့နယ် ‌ကျေးလက် လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ခွင့်ပြုရန်ပုံငွေဖြင့် တာဝန်ယူဆောင်ရွက်လျက်ရှိ သည့် တောင်နီ-တောင်လေးလုံးလမ်းပေါ်ရှိ အရှည် (၇၈)ပေရှိ ဆည်ကြီး RPT တံတား တည် ဆောက်နေမှုနှင့် သရက်ပင်-ရေပုတ်-အင်ပင်ရှည်လမ်းတွင် လမ်းပိုင်းအလိုက် ကတ္တရာခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုကို  ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။

ထိုမှတစ်ဆင့် ဒုတိယဝန်ကြီးသည် ရပ်စောက်မြို့နယ် အလည်ချောင်ကျေးရွာအုပ်စု ကျောက်ဆုံကုန်းကျေးရွာတွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာ နှစ် ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း VDP ရန်ပုံငွေဖြင့် တည်ဆောက်ပြီးစီးခဲ့သည့် ကျေးရွာဘက်စုံသုံး ခန်းမကို သွားရောက်ကြည့်ရှုကာ ကျေးရွာတွင်း လမ်းခင်းခြင်းလုပ်ငန်းများ ဆောင်ရွက်ရန် ညှိနှိုင်းမှာကြားသည်။

ယင်းနောက် ဒုတိယဝန်ကြီးသည် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်ခွင့်ပြုရန်ပုံငွေဖြင့် ပင်းတယမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ဆောင်ရွက်ပေးခဲ့သော လယ်ပြင်ကျေးရွာ ဆိုလာရေတင်စနစ် လုပ်ငန်းဆောင်ရွက်ပြီးစီးမှုကို ကြည့်ရှုစစ်ဆေးသည်။

ဆိုလာရေတင်စနစ်ဖြင့် တောင်သူ (၇၃) ဦး၏ စိုက်ပျိုးဧက (၂၀၀)ကို ရေပေးနိုင်သည့်အတွက် နေကြာ၊ အစေ့ထုတ်ပြောင်း၊ ကြက်သွန်ဖြူနှင့် ဟင်းသီးဟင်းရွက်များကို ရာသီအလိုက် စိုက်ပျိုး နိုင်ခဲ့ပြီး  ယင်းသီးနှံများကိုရောင်းဝယ်ဖောက်ကားရန်အတွက် အရှည်ပေ(၇၆၈၀)ရှိ ကျေးလက်ကုန် ထုတ်လမ်းဖောက်လုပ်ပေးရေး တင်ပြမှုအပေါ် ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးသည်။ 

ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်ခွင့်ပြုရန်ပုံငွေဖြင့် တည်ဆောက်နေသော ပင်းတယမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနရုံးနှင့် ပင်းတယမြို့နယ် သရက်ကုန်းတောင်ကျေးရွာတွင် ‌မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေဖြင့် ဆောင်ရွက်နေသာ ဝါးခမောက်လုပ်ငန်းတို့ကို ကြည့်ရှုပြီး ဒေသခံပြည်သူများနှင့်တွေ့ဆုံကာ သရက်ကုန်းတောင်ရွာတွင် သမဝါယမစနစ်ဖြင့် နွားမွေးမြူရေးလုပ်ငန်း ဆောင်ရွက်နိုင်ရေး၊ သရက်ကုန်းတောင်ရွာနှင့် မြောက်ရွာတို့တွင် အိမ်သွယ်ရေတိုင်စနစ်ဖြင့် ရေရရှိရေးအတွက် ဖြည့်ဆည်းဆောင် ရွက်ပေးသည်။

ဆက်လက်၍  ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်ခွင့်ပြုရန်ပုံငွေဖြင့် ပင်းတယမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ဆောင်ရွက်ခဲ့သော စင်္ကြာကုန်း ကျေးရွာတွင် ရေရရှိရေးအတွက် တွင်းနက်တူးဖော်နေမှုကို ကြည့်ရှုစစ်ဆေးပြီး ပင်းတယမြို့နယ် ဝါတရာကျေးရွာ၌ ဒေသခံပြည်သူများနှင့်တွေ့ဆုံပြီး သမဝါယမစနစ်ဖြင့် နွားမွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေး၊ ကျေးရွာများရေပေးဝေမှုစနစ် ကောင်းမွန်ရေးအတွက် ပြန်လည်ပြုပြင်ဆောင် ရွက်ရမည့်လုပ်ငန်းများကို ညှိနှိုင်းဆွေးနွေးကာ လိုအပ်သည်များ ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်