နိုင်ငံတော်ခေတ်မီဖွံ့ဖြိုးတိုးတက်ရေး စွမ်းရည်မြင့်နည်းပညာရှင်များ မွေးထုတ်ပေး

နေပြည်တော် မတ် ၁၈

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျသည် ယမန်နေ့ နံနက်ပိုင်းတွင် နည်းပညာတက္ကသိုလ်(မအူပင်)၌ ကျောင်းသားများ အေးချမ်းစွာ စာမေးပွဲ ဖြေဆိုနေမှုကို ကြည့်ရှုအားပေးပြီး ကျောင်းသားများ အဆင်ပြေချောမွေ့စွာ ဖြေဆိုနိုင်ရေးအတွက်  လိုအပ်သည်များကို ဖြည့်ဆည်းပေးရန်တာဝန်ရှိသူများအား မှာကြားသည်။ 

ထို့နောက် ပါမောက္ခချုပ်ဒေါက်တာကျော့ခင်ကကျောင်နှင့်ပတ်သက်၍ ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီးက ခေတ်မီဖွံ့ဖြိုးတိုးတက် သော နိုင်ငံတော်တည်ဆောက်ရာတွင် ပံ့ပိုးပေးမည့် စွမ်းရည်မြင့် အင်ဂျင်နီယာနည်းပညာရှင်များကို မဟာဗျူဟာစီမံကိန်းအတိုင်း စဉ်ဆက်မပြတ် မွေးထုတ်သွားရန်၊ လယ်ယာစိုက်ပျိုးရေးနှင့် MSME လုပ်ငန်းများ ဖွံ့ဖြိုးစေရေး အထောက်အကူပြု မည့် သုတေသနလုပ်ငန်းများကို အလေးထားဆောင်ရွက်ရန်  မှာကြားကာ တင်ပြမှုများအပေါ် ညှိနှိုင်းဖြည့်ဆည်းပေးပြီး ဂုဏ်ပြုလက်ဆောင်များ ပေးအပ်သည်။

ဆက်လက်၍ ဒုတိယဝန်ကြီးသည် တက္ကသိုလ်စာကြည့်တိုက်ကို ကြည့်ရှုစစ်ဆေးပြီး  လျှပ်စစ် စွမ်းအားအင်ဂျင်နီယာဌာနရှိ ကျောင်းသားများ သုတေသနပြုတည်ဆောက်ထားသည့် လျှပ်စစ်စွမ်း အား ထုတ်လုပ်၊ ပို့လွှတ်၊ ဖြန့်ဖြူးစနစ် ပုံစံငယ်နှင့် လက်တွေ့ခန်းများကိုလည်းကောင်း၊ အီလက်ထ ရောနစ်အင်ဂျင်နီယာဌာနနှင့် အခြား ဌာနတို့မှ လက်တွေ့ခန်းများကိုလည်းကောင်း စစ်ဆေးပြီး လက်တွေ့ဆောင်ရွက်မှုနှင့် သုတေသနများအတွက် ပစ္စည်းကိရိယာများကို စုံလင်စွာ ဖြည့်ဆည်း ထားရှိကာ လုပ်ငန်းများထိရောက်ပီပြင်စွာ ဆောင်ရွက်ရန် မှာကြား၍ တည်ဆောက် ရေးလုပ်ငန်း များကို ကြည့်ရှုစစ်ဆေးသည်။

မွန်းလွဲပိုင်း၌ ဒုတိယဝန်ကြီးသည် ကွန်ပျူတာတက္ကသိုလ်(မအူပင်)သို့ ရောက်ရှိပြီး ကျောင်း သားများ အေးချမ်းစွာ စာမေးပွဲဖြေဆိုနေမှု ကို ကြည့်ရှုအားပေးကာ ပါမောက္ခချုပ် ဒေါက်တာ သန္တာသိန်း ကကျောင်းနှင်ပတ်သက်၍ ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီးက ပြည်သူ့လူမှုစီးပွား  ဖွံ့ဖြိုးတိုးတက်ရေး ပံ့ပိုးပေးနိုင်ရန်အတွက် မဟာဗျူဟာစီမံကိန်းအတိုင်း အရည်ချင်းပြည့်ဝသော ဒီဂျစ်တယ် ICT နည်းပညာရှင်များ စဉ်ဆက်မပြတ် မွေးထုတ်သွားရန် တိုက်တွန်းမှာကြားပြီး ဂုဏ်ပြုလက်ဆောင်များ ပေးအပ်သည်။

ထို့နောက် ဒုတိယဝန်ကြီးသည် ကျောင်းသားများမှ သုတေသနပြု ဆောင်ရွက်ထားသော ဘာသာရေး၊လယ်ယာစိုက်ပျိုးရေး၊ကျန်းမာရေး၊စီးပွားရေး အထောက်အကူပြု မိုဘိုင်းအက်ပလီ ကေးရှင်းများနှင့်  သုတေသနပြုဆောင်ရွက်ထားမှုကို  ကြည့်ရှုစစ်ဆေးပြီး Talent ရှိသော ကျောင်းသားများကို စနစ်တကျ မြေတောင်မြှောက်ပေး၍ လေ့လာမှု အဆင်ပြေချောမွေ့စေ ရေးမှသည် စွန့်ဦးတီထွင်မှုများ တိုးတက်မြင့်မားလာစေရေး ပံ့ပိုးပေးရန်၊ Joint Research များ ဆောင်ရွက်ရန် မှာကြား၍   စာကြည့်တိုက်၊ ကွန်ပျူတာခန်းများ၊ Language Lab နှင့် တည်ဆောက်ဆဲလုပ်ငန်းများကို ကြည့်ရှုစစ်ဆေးသည်။

ယင်းနောက် ဒုတိယဝန်ကြီးသည် အစိုးရနည်းပညာအထက်တန်းကျောင်း (မအူပင်)သို့ ရောက်ရှိပြီး ဝန်ထမ်းများ၏ တင်ပြမှုများကို ပေါင်းစပ်ဖြည့်ဆည်းပေး၍ ဂုဏ်ပြုလက်ဆောင်များ ပေးအပ်ကာ  တည်ဆောက်ပြီး အလုပ်ရုံသစ်အတွင်း လက်တွေ့သုံးပစ္စည်းများနှင့် စက်ပစ္စည်းများ ရွေ့ပြောင်းထားရှိမှုနှင့်  တည်ဆောက်ဆဲလုပ်ငန်းများကို ကြည့်ရှုစစ်ဆေးသည်။ 

သတင်းစဉ်