ကျောက်ဆည်မြို့နယ်တွင် ကျေးလက်နေပြည်သူများ လူမှုဘဝဖွံ့ဖြိုးတိုးတက်စေရေး ကျေးလက်လမ်းများအား ပြန်လည်ပြုပြင်ပေး

ကျောက်ဆည်၊ မတ် ၁၉

 

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် ကျေးလက်နေပြည်သူများ လူမှုဘဝဖွံ့ဖြိုးတိုးတက်စေရေးနှင့် မြိုပြနှင့်ကျေးလက်ကွာဟမှု မရှိစေရေးအတွက် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် မြို့နယ်ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာနမှ ကျေးလက်ထွက်ကုန်များ လယ်ကူလျင်မြန်စွာသယ်ယူနိုင်ရေး ငွေကျပ် ၁၁၂ ဒသမ ၅၀ သန်း အကုန်အကျခံကာ ကျေးလက်လမ်း (၄)လမ်းအား ပြန်လည် ပြုပြင်ပေးခဲ့ကြောင်း သိရှိရသည်။

 

အဆိုပါ ပြန်လည်ပြုပြင်ပေးခဲ့သော လမ်းများမှာ ကျောက်ဆည်-မြစ်သား မြို့နယ်ချင်းဆက်လမ်းနှင့် ဆက်သွယ်ထားသည့် ရွှေအင်း-ရှင်ငယ်ကျလမ်း၊  ကျောက်ဆည်-ငှက္ကတောင်လမ်း၊ ဆည်ကုန်း-ဈေးရွာလမ်း၊ ကျောက်ဆည်-တံတား မြို့နယ်ချင်းဆက်လမ်းနှင့် ဆက်သွယ်ထားသည့် မြောင်းဦး၊ မြင့်ကြီးတန်းကျေးရွာ အထွက်လမ်းများ ဖြစ်ကြောင်းနှင့် အဆိုလမ်းများ ပြန်လည်ပြုပြင်ပေးခဲ့ခြင်းဖြင့် ဒေသခံကျေးရွာ(၁၂)ရွာမှ ပြည်သူများ၏ လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေး စသည့် ကဏ္ဍစုံ ဖွံ့ဖြိုးတိုးတက်လာတော့မည် ဖြစ်ကြောင်းနှင့် ဒေသထွက်ကုန်များ သယ်ယူရာတွင် ကုန်ကျစရိတ်သက်သာစွာဖြင့် အချိန်တိုအတွင်း လွယ်ကူမြန်စွာ သယ်ယူနိုင်တော့မည်ဖြစ်ပြီး သိရှိရသည်။

 

ကျောက်ဆည်မြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန အနေဖြင့် ၂၀၂၃ ခုနစ်တွင် မြန်မာနိုင်ငံရှိ ကျေးရွာများအားလုံး၏ (၈၀)ရာခိုင်နှုန်းနှင့် နိုင်ငံအတွင်းရှိ ကျေးလက်လူဦးရေ၏ (၉၀)ရာခိုင်နှုန်းအပေါ် ရာသီမရွေးသွားလာနိုင်သော ကျေးလက်လမ်းများအဖြစ် အသုံးပြုနိုင်ရန် နှစ်စဉ်လိုအပ်ချက်များအား အဆင့်မြှင့်တင် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

 

သက်မောင်(ကျောက်ဆည်)