တွံတေးမြို့တွင် ငါးမွေးမြူရေးနည်းပညာသင်တန်း ပို့ချသင်ကြား

မတ် ၂၀

ငါးမွေးမြူရေးလုပ်ငန်းရှင်များအား ငါးမွေးမြူရေးလုပ်ကိုင်ရာတွင် အထောက်အကူရရှိပြီး ပိုမို၍ ငါးလုပ်ငန်းဖွံ့ဖြိုးတိုးတက်စေရန် ရန်ကုန်တိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာန၏ ကြီးကြပ်လမ်းညွှန်မှုနှင့်အညီ တွံတေးမြို့နယ်အတွင်းရှိ တူးချောင်းကြီးကျေးရွာအုပ်စုနှင့်ခတ္ထိယကျေးရွာအုပ်စုတို့မှ ငါးမွေးမြူသူများအား ငါးမွေးမြူရေးနည်းပညာသင်တန်းကို မတ် ၁၉ ရက် နံနက် ၁၀ နာရီက တူးချောင်းကြီးကျေးရွာ ဘုန်းတော်ကြီးကျောင်းဓမ္မာရုံတွင် ပို့ချသင်ကြားပေးခဲ့ကြောင်း သိရသည်။

တွံတေးသား