ဩစတြေးလျနိုင်ငံ၌ အရက်သောက်သုံးမှုနှင့်ဆက်နွှယ်သောသေဆုံးမှုများ၏လေးပုံသုံးပုံသည် အမျိုးသားများဖြစ်

မတ် ၂၁

ဩစတြေးလျနိုင်ငံတွင် အရက်သောက်သုံးမှုနှင့်ဆက်နွှယ်ပြီးထိခိုက်သေဆုံးသူအများစုသည် အမျိုးသားများဖြစ်ကြောင်း အစိုးရ၏ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အရက်သေစာသောက်သုံးမှုကြောင့် သေဆုံးသူဦးရေ ၁၉၅၀ ရှိပြီး ဆေးရုံတက်ကုသမှုခံယူသူဦးရေ ၃၀၀၀၀ ကျော်ရှိသည်ဟု သိရသည်။

ထိုသေဆုံးသူများ၏ ၇၈ ရာခိုင်နှုန်းသည် အမျိုးသားများဖြစ်ပြီး ၅၉ ရာခိုင်နှုန်းသည် ဆေးရုံတက် ကုသမှုခံယူသူများဖြစ်ကြောင်း ဖော်ပြထားသည်။

အသက် ၂၀ နှင့် ၂၄ နှစ်ကြားအရွယ်ရှိအမျိုးသားများနှင့် အမျိုးသမီးများပြီးလျှင် အသက် ၄၅ နှင့် ၄၉ နှစ်ကြားအရွယ် အမျိုးသားများသည် အရက်သောက်သုံးမှုနှင့်ဆက်နွှယ်ပြီးဒဏ်ရာရရှိမှုကြောင့် ဆေးရုံတက်ရနိုင်ခြေ အများဆုံးရှိသူများဖြစ်သည်။

မိမိကိုယ်ကိုအဆုံးစီရင်ခြင်းသည် အရက်နှင့်ဆက်နွှယ်သည့် ထိခိုက်သေဆုံးမှုများ၏ အဓိကအများဆုံးဖြစ်နိုင်သော အကြောင်းရင်းဖြစ်သည်။

အမျိုးသားများအနေဖြင့် လမ်းခရီးသွားလာရာတွင် အရက်သောက်သုံးမှုနှင့်ဆက်နွှယ်သည့်ဒဏ်ရာများရရှိရာမှ သေဆုံးသွားခြင်းလည်းဖြစ်နိုင်ဖွယ်ရှိသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို