အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ရုံး ဆရာ/ ဆရာမများ မွမ်းမံသင်တန်းတွင် အသိပညာပေးဆွေးနွေးမှု အစီအစဉ်များ ကျင်းပ

နေပြည်တော် မတ်၂၁

အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်သည် ပညာရေးဝန်ကြီးဌာနနှင့်ပူးပေါင်း၍ အဂတိ လိုက်စားမှုတိုက်ဖျက်ရေးနှင့်စပ်လျဉ်း၍ အသိပညာရရှိစေရန်၊ အဂတိလိုက်စားမှုကို တွန်းလှန်တိုက်ဖျက်ရာတွင် အဓိကကျသည့် ဖြောင့်မတ်တည်ကြည်မှုရှိသည့် အသိုက်အဝန်း တည်ဆောက်ရန်အတွက် ဆရာ/ဆရာမများ မွမ်းမံသင်တန်းများတွင် အသိပညာပေးအစီအစဉ်များကို ဆောင်ရွက်လျက်ရှိသည်။

ထိုသို့ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် နေပြည်တော် ကောင်စီနယ်မြေ၊ ဇမ္ဗူသီရိမြို့နယ်ရှိ အထက (၅) နှင့် (၇) တို့တွင်လည်းကောင်း၊ ကော်မရှင်(ရုံးခွဲ)များမှ အရာထမ်းများက ရန်ကုန်မြို့ရှိ အလုံ အထက (၄) နှင့် လသာအထက (၁) ၊ ဘားအံမြို့ရှိ အထက(၁) နှင့် (၂) ကျောင်းများ တွင်လည်းကောင်း အသိပညာပေးဆောင်ရွက်ခဲ့ပြီး ဆရာ/ ဆရာမများကလည်း စိတ်ဝင်တစား မေးမြန်းဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

သတင်းစဉ်