အခြေခံပညာ အထက်တန်းနှင့် အလယ်တန်း (ခရိုင်အဆင့်) ဘာသာရပ်ဆိုင်ရာ  မွမ်းမံသင်တန်းဖွင့်လှစ်

ကမာရွတ်  မတ် ၂၂

 

ရန်ကုန်တိုင်းဒေသကြီး ကမာရွတ်ခရိုင် ကမာရွတ်မြို့နယ်တွင် အခြေခံပညာ အထက်တန်းနှင့် အလယ်တန်း (ခရိုင်အဆင့်) ဘာသာရပ်ဆိုင်ရာ မွမ်းမံသင်တန်း (ဆွေးနွေးပွဲ) ကို မတ် ၂၁ ရက် နံနက်ပိုင်းက ကမာရွတ်မြို့နယ် အ.ထ.က လေ့ကျင့်ရေးကျောင်း ပညာဗိမာန်ခန်းမ(TTC)၌ ကျင်းပရာ ကမာရွတ်ခရိုင် ပညာရေးမှူး ဒေါ်စန္ဒာဦးက သင်တန်းအဖွင့်အမှာစကား ပြောကြားခဲ့သည်။

 

သင်တန်းတွင် ခရိုင်အဆင့် နည်းပြနှင့် သင်တန်းသား ဆရာ၊ ဆရာမ (၃၅၃)ဦးကို မတ် ၂၁ ရက်မှ ၂၄ ရက်အထိ ဖွင့်လှစ်သင်ကြားပေးမည်ဖြစ်ပြီး မြို့နယ်တွင်းရှိ အ​ခြေခံပညာ​ကျောင်းများ၊ ပုဂ္ဂလိကကျောင်းများနှင့် ဘုန်း​တော်ကြီးသင် ပညာ​ရေး​ကျောင်းများမှ ​ကျောင်းအုပ်ကြီးများနှင့် အထက်တန်း၊ အလယ်တန်းအဆင့်သင် ဆရာ၊ ဆရာမများ တက်​ရောက်ခဲ့​ကြောင်း သိရသည်။

 

စိမ်းလဲ့(ပြန်/ဆက်)