မွန်ဂိုလီးယားနိုင်ငံ၌ နှင်းမုန်တိုင်း၊ ဖုန်မုန်တိုင်းများတိုက်မှုကြောင့် တစ်ဦးသေဆုံး၊ နှစ်ဦးပျောက်ဆုံး

မတ် ၂၂

မွန်ဂိုလီးယားနိုင်ငံ၏ ဒေသအများအပြားတွင် လွန်ခဲ့သောနှစ်ရက်အတွင်း အားကောင်းသောနှင်းမုန်တိုင်းနှင့် ဖုန်မုန်တိုင်းများတိုက်ခတ်သဖြင့် တစ်ဦးထက်မနည်းသေဆုံးပြီး အခြားနှစ်ဦးပျောက်ဆုံးနေဆဲဖြစ်ကြောင်း အမျိုးသားအဆင့်အရေးပေါ်စီမံခန့်ခွဲမှုအေဂျင်စီက ယနေ့တွင် ပြောကြားသည်။

အဆိုပါနှင်းမုန်တိုင်းနှင့် ဖုန်မုန်တိုင်းများတိုက်ခတ်မှုကြောင့် ပျောက်ဆုံးနေသူ ၁၃ ဦးကို အသက်ရှင်လျက် ပြန်လည်တွေ့ရှိခဲ့သည်ဟု အရေးပေါ်ဆိုင်ရာအေဂျင်စီက ဆိုသည်။

ထိုမုန်တိုင်းများကြောင့် အသက် ၆၁ နှစ်အရွယ်အမျိုးသမီးတစ်ဦး သေဆုံးခဲ့သည်ဟု သိရသည်။

ဒိုနော့ပြည်နယ်အရှေ့ပိုင်းနှင့် စီလိန်ပြည်နယ်မြောက်ပိုင်းတွင် ပျောက်ဆုံးနေသူနှစ်ဦးကို ရှာဖွေမှုများလုပ်ဆောင် နေဆဲဖြစ်ကြောင်း ဖော်ပြထားသည်။

နွေဦးရာသီတွင် လေပြင်းများနှင့် ဖုန်မုန်တိုင်းများ တိုက်ခတ်မှုကြောင့် မွန်ဂိုလီးယားနိုင်ငံတွင် ရာသီဉတုပြင်းထန်မှုရှိသည်ဟု သိရသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို