မတ် ၃၁
အမေရိကန်နိုင်ငံ တန်နက်ဆီပြည်နယ် မမ်ဖစ်မြို့ရှိ စားသောက်ဆိုင်တစ်ခု၏အပြင်ဘက်တွင် ပစ်ခတ်မှုဖြစ်ပွားသဖြင့် နှစ်ဦးသေဆုံးပြီး အခြားငါးဦးဒဏ်ရာရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့က ယမန်နေ့ကပြောကြားသည်။
အဆိုပါပစ်ခတ်မှုသည် မတ်လ ၂၉ ရက်နေ့ ညနှောင်းပိုင်းက ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ဒေသတွင်းအာဏာပိုင်အဖွဲ့၏ ပြောကြားချက်အရ အမျိုးသားတစ်ဦးသည် ထိုပစ်ခတ်မှုဖြစ်ပွားသည့်နေရာတွင် သေဆုံးခဲ့ပြီး အခြားတစ်ဦးအား ဆေးရုံသို့ပို့ဆောင်ပေးခဲ့သော်လည်း နောက်ပိုင်းတွင် သေဆုံးသွားခဲ့သည်။
ထိုပစ်ခတ်မှုကြောင့် ထိခိုက်ဒဏ်ရာရသူငါးဦးရှိရာ အမျိုးသားလေးဦးနှင့် အမျိုးသမီးတစ်ဦးတို့ဖြစ်ကြောင်းနှင့် ၎င်းတို့ကိုလည်း ဆေးရုံသို့ပို့ဆောင်ပေးခဲ့ကြောင်း ဖော်ပြထားသည်။
အမေရိကန်နိုင်ငံတွင် ယခုနှစ်အတွင်း ယခုချိန်အထိ အစုလိုက်အပြုံလိုက်ပစ်ခတ်မှု ၁၃၁ ခုရှိကြောင်း၊ လွန်ခဲ့သောသုံးလအတွင်း သေနတ်ဖြင့်အကြမ်းဖက်ပစ်ခတ်မှုကြောင့် လူပေါင်း ၁၀၂၀၀ ကျော် သေဆုံးခဲ့ကြောင်း သိရသည်။
ယခုသီတင်းပတ်အစောပိုင်းက ကိုယ်ပိုင်မူလတန်းကျောင်းတွင် ပစ်ခတ်ခံရမှုကြောင့် အသက်ကိုးနှစ်အရွယ် ကျောင်းသားသုံးဦးအပါအဝင် ခြောက်ဦးသေဆုံးခဲ့သည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို