နေပြည်တော်  ဧပြီ   ၈

 

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၏ ၂၀၂၃ ခုနှစ် မဟာသင်္ကြန်အကြို ဝန်ထမ်းမိသားစု စတုဒိသာ ကျွေးမွေးခြင်းနှင့် ပျော်ပွဲရွှင်ပွဲအခမ်းအနားများကို ယမန်နေ့ နံနက်ပိုင်းက ပို့ဆောင်ရေးနှင့်   ဆက်သွယ်ရေးဝန်ကြီးဌာန     ရုံးအမှတ်(၅)၊ ရုံးအမှတ်(၂)နှင့်  ရုံးအမှတ် (၂၉)တို့တွင် ကျင်းပသည်။

 

အခမ်းအနားများသို့ ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်းနှင့် ဇနီး၊  ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ ဌာနအကြီးအကဲများ၊ ၎င်းတို့၏ ဇနီးများ၊ တာဝန်ရှိသူများ တက်ရောက်ကြပြီး ဝန်ကြီးဌာနအတွင်းရှိ ဌာနများမှ ဝန်ထမ်းအမျိုးသမီးငယ်များ၏  သင်္ကြန်ယိမ်းအကများ၊ သင်္ကြန်သီချင်းများဖြင့် ကပြဖျော်ဖြေမှုကို ကြည့်ရှုအားပေးကာ အခမ်းအနားသို့ တက်ရောက် လာသည့်ဝန်ထမ်းများနှင့် စတုဒိသာများကို အတူတကွ သုံးဆောင်ခဲ့ကြသည်။

 

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် ဇနီးတို့သည် သင်္ကြန်ယိမ်းအကများ၊  သင်္ကြန်သီချင်းများဖြင့်ဖျော်ဖြေကြသူများ အားလုံးကို ဂုဏ်ပြုဆုများ ချီးမြှင့်ပေးအပ်ပြီး မြန်မာ့ရိုးရာ ထုံးတမ်းအစဉ်အလာများနှင့်အညီ သင်္ကြန်ရေပက်ဖျန်းကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

သတင်းစဉ်