နေပြည်တော်  ၁၇  ဖေဖော်ဝါရီ 

 

မြန်မာ-အိန္ဒိယချစ်ကြည်ရေးစီမံကိန်းအရ အိန္ဒိယသမ္မတနိုင်ငံ၏ တတိယအကြိမ် အထောက်အပံ့ရန်ပုံငွေဖြင့်ဆောင်ရွက်သည့် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လေရှီးမြို့ နယ်၊ ရန်နွေး- မွန်းကိုင်လင် - ကံ့ကော်ကုန်း - ဘန်းကုလား - ကော်လကန် မြေသားလမ်း(၆/၆) မိုင်နှင့် ကျောက်စရစ်ချောင်း(၆၀’×၂၄’×၁၅’) သံကူကွန်ကရစ် တံတားဖွင့်ပွဲအခမ်းအနား ကို ယမန်နေ့ မွန်းလွဲပိုင်းတွင် အဆိုပါလမ်း၌ ကျင်းပရာ နယ်စပ်ဒေသနှင့် တိုင်းရင်းသား လူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးရဲနိုင်၊ စစ်ကိုင်းတိုင်း ဒေသကြီးဖွံ့ဖြိုးမှုကြီးကြပ်ရေးမှူး ညွှန်ကြားရေးမှူး ဦးအောင်တင်ကျော်၊ လေရှီးမြို့နယ်စီမံ ခန့်ခွဲမှု ကော်မတီဥက္ကဌ ဦးထွန်းထွန်းလေး၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဒေသခံပြည်သူ များ တက်ရောက်ကြသည်။

 

အစီအစဉ်အရ ညွှန်ကြားရေးမှူးချုပ် ဦးရဲနိုင်နှင့်တာဝန်ရှိသူများမှ မြေလမ်းနှင့် ကွန်ကရစ်တံတားတို့အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး လမ်းတစ်လျှောက် လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြသည်။

 

နယ်စပ်ရေးရာဝန်ကြီးဌာနအနေဖြင့် အိန္ဒိယသမ္မတနိုင်ငံ၏ တတိယအကြိမ်အ ထောက်အပံ့ရန်ပုံငွေဖြင့် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း လမ်း/တံတားလုပ်ငန်း (၁၄)ခု၊ ပညာရေးလုပ်ငန်း (၆)ခု၊ ကျန်းမာရေးလုပ်ငန်း (၁)ခု စုစုပေါင်းလုပ်ငန်း(၂၁)ခုအား ခွင့်ပြုငွေ(၃၁၇၁ ဒသမ ၈၃၅)ကျပ်သန်းဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိ ကြောင်း သိရသည်။ 

 

(သတင်းစဉ်)