နန်ကျင်း၊ စက်တင်ဘာ ၂၀
တရုတ်နိုင်ငံအရှေ့ပိုင်းကျန်းစုပြည်နယ်ရှိ မြို့နှစ်မြို့ကို စက်တင်ဘာ ၁၉ ရက်က လေဆင်နှာမောင်း ဝင်ရောက်တိုက်ခတ်ခဲ့ရာ ငါးဦးထက်မနည်း သေဆုံးပြီး လေးဦးဒဏ်ရာ ရရှိခဲ့သည်ဟု ဒေသခံ အာဏာပိုင်များက စက်တင်ဘာ ၂၀ ရက်တွင် ပြောသည်။
စူချန်းမြို့ရှိ တာ့ကျင်မြို့နယ်နှင့် နန်ကိုင်မြို့နယ်တို့တွင် ညနေငါးနာရီ ဝန်းကျင်ခန့်က လေဆင်နှာမောင်း တိုက်ခတ်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ လေဆင်နှာမောင်းဒဏ်ကို လူပေါင်း ၅၅၁၂ ဦး ခံစားခဲ့ရပြီး နေအိမ်ပေါင်း ၁၃၇ လုံး ပျက်စီးခဲ့ရသည်ဟု ကနဦးစုံစမ်းစစ်ဆေးမှုအရ သိရသည်။ ကောက်ပဲသီးနှံများလည်း ပျက်စီးခဲ့ပြီး လူပေါင်း ၄၀၅ ဦး ကို ဘေးကင်းလုံခြုံသည့် နေရာတွင် ယာယီနေရာချပေးထားရသည်ဟု စူချန်းမြို့ အရေးပေါ်ကိစ္စရပ်များစီမံခန့်ခွဲမှုဌာနက ပြောသည်။
ဒေသခံအရာရှိများသည် အခင်းဖြစ်ပွားရာနေရာသို့ သွားရောက်ကြပြီး နောက်ဆက်တွဲအကျိုး ဆက်များကို လေ့လာခဲ့ကြသည်။ ဒဏ်ရာရရှိသူများသည် ဆေးရုံတွင် ဆေးကုသမှု ခံယူလျက်ရှိသည်။
ဆင်ဟွာ