ကောလင်း ၂၁ ဖေဖော်ဝါရီ
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ကောလင်းမြို့နယ်ဝါးရုံခုံကျေးရွာနှင့် ကသစ်ကုန်းကျေးရွာသွားကားလမ်းမပေါ်မှ တရားမဝင် တမလန်းဓားရွေတုံများတင်ဆောင်လာသော ပါဂျဲရိုးယာဉ်တစ်စီးဖမ်း မိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဖေဖော်ဝါရီ ၂၀ ရက်နေ့ မွန်းလွဲ ၁၂ နာရီခွဲ အချိန်ခန့်တွင် သက်ဆိုင်ရာ ပူးပေါင်းအဖွဲ့သည် သက်သေများနှင့်အတူ ကောလင်းမြို့နယ်၊ဝါးရုံခုံကျေးရွာနှင့် ကသစ်ကုန်းကျေးရွာသွားလမ်းတွင် သတင်းအရစောင့် ဆိုင်းနေစဉ် ပါဂျဲရိုးယာဉ်တစ်စီးအား မသင်္ကာ၍ရပ်တန့်ခိုင်းရာ အဆိုပါယာဉ်မှာ မရပ်တန့်ဘဲ ထွက်ပြေးမောင်း နှင်သွားသဖြင့် လိုက်လံဖမ်းဆီးရာ ယာဉ်မောင်းသည် အဝေးတနေရာတွင် ယာဉ်အားပစ်ထားခဲ့ပြီးထွက်ပြေးသွားခဲ့သည်။
အဆိုပါယာဉ်ပေါ်မှ တရားမဝင် တမလန်းဓားရွေတုံး(၁၈)တုံး၊ ဝ ဒသမ ၇၉၇ တန် ဖမ်းမိသဖြင့် သစ်တောဥပဒေအရ အရေးယူဆောင်ရွက်ထားပြီး ယာဉ်ပိုင်ရှင်နှင့် သစ်ပိုင်ရှင်အား ဖော်ထုတ်ဖမ်းမိရေးအတွက်ဒေသခံများနှင့် ဆက်သွယ်ဆောင်ရွက်ထားကြောင်း သိရသည်။
လူအောင်


