မိုးညို ၂၁ ဖေဖော်ဝါရီ
ဆောင်းအစေ့ထုတ်ပြောင်းစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းမှု ကွင်းသရုပ်ပြပွဲကို ယနေ့ နံနက် ၈ နာရီက ပဲခူးတိုင်းဒေသကြီး မိုးညိုမြို့နယ် ပေါက်ကုန်းအုပ်စု ဗောဓိကုန်းကျေးရွာရှိ တောင်သူဦးဝင်းလှိုင်၏ လယ်မြေတွင် ပြုလုပ်ခဲ့သည်။
အဆိုပါ ကွင်းသရုပ်ပြပွဲတွင် စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများက အစေ့ထုတ်ပြောင်း စိုက်ပျိုးထုတ်လုပ်ခြင်း လုပ်ငန်းဆောင်ရွက်မှုများ၊ ၂၀၁၈-၂၀၁၉ ခုနှစ်၊ ဆောင်းအစေ့ထုတ်ပြောင်း တစ်ဧကကုန်ကျစရိတ်နှင့် တစ်ဧကဝင်ငွေ အကျိုးအမြတ်တွက်ချက်မှုများအား ရှင်းလင်းဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ကွင်းသရုပ်ပြပွဲကို မိုးညိုမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ကြီးမှူးကျင်းပခြင်းဖြစ်ပြီး မြို့နယ်အတွင်းရှိ စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့် တောင်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ကိုမင်း(မိုးညို)


