“၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလမှ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်း ‌ဖြစ်ပေါ်လာနိုင်သည့် အယ်လ်နီညိုအခြေအနေသတင်း”

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၂၉)ရက်နေ့

 

 (က) အီကွေတာအနီးရှိ အပူပိုင်းပစိဖိတ်သမုဒ္ဒရာ (Tropical Pacific Ocean)၏ ပင်လယ်ရေ မျက်နှာပြင်အပူချိန်နှင့် လေထုဖြစ်စဉ်များမှာ အားကောင်းသော အယ်လ်နီညိုအခြေ အနေတွင် ရှိနေပါသည်။ နိုင်ငံတကာမိုးလေဝသဌာနများ၏ သင်္ချာပုံစံပြုမော်ဒယ်များ ခန့်မှန်းချက်အရ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလမှ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလအတွင်း အားကောင်းသော အယ်လ်နီညိုအခြေအနေတွင် ဆက်လက်တည်ရှိနိုင်ပြီး၊ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလမှစတင်၍ အယ်နီညိုအခြေအနေမှာ တဖြည်းဖြည်း ပြန်လည် လျော့ကျလာနိုင်သည်ဟု ခန့်မှန်းရပါသည်။

(ခ) အယ်လ်နီညိုဖြစ်စဉ်သည် ပစိဖိတ်သမုဒ္ဒရာတွင် ဖြစ်ပေါ်သည့်ဖြစ်စဉ် ဖြစ်သော်လည်း အဆိုပါ အယ်လ်နီညိုဖြစ်စဉ်ကြောင့် အကျိုးသက်ရောက်မှုမှာ ယေဘုယျအားဖြင့် မိုးရွာသွန်းမှု မူမမှန်ခြင်း၊ နေ့အပူချိန်များ မြင့်မားခြင်း၊ မုန်တိုင်းဖြစ်ပေါ်မှုများ မူမမှန်ခြင်း၊ မိုးခေါင်ရေရှားခြင်းစသည့် အစွန်းရောက် မိုးလေဝသဖြစ်စဉ်များ ဖြစ်ပေါ်နိုင်ပါသည်။

(ဂ) သို့ဖြစ်ပါ၍ မိမိတို့သက်ဆိုင်ရာ ကဏ္ဍများအလိုက် ကြိုတင်ပြင်ဆင်နိုင်ကြပါရန်  အသိပေး အပ်ပါသည်။ အယ်လ်နီညိုဖြစ်ပေါ်မှုနှင့် ပတ်သက်သည့် အခြေအနေများအား အချိန်နှင့် တစ်ပြေးညီ ဆက်လက်ထုတ်ပြန်ပေးပို့သွားမည် ဖြစ်ပါသည်။

 

Crd> မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန