နေပြည်တော်  ၂၁  ဖေဖော်ဝါရီ 
    

ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်သည် ဥရောပ ကော်မရှင်၏ ကုန်သွယ်ရေးဆိုင်ရာ ဒုတိယညွှန်ကြားရေးမှူးချုပ် Mrs. Helena Konig, Deputy Managing Director, Mrs. Paola Pampaloni, မြန်မာနိုင်ငံ ဆိုင်ရာ EU သံအမတ်ကြီး Mr. KristianSchmid, Deputy Head of Unit, Ms. AlinaBoiciuc, နှင့်Desk Officer, Mr. Dirk Buda နှင့်အဖွဲ့အား ယနေ့မွန်းတည့်  ၁၂ နာရီတွင်ပြန်ကြားရေးဝန်ကြီးဌာန ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။ 

 

123


တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးတို့က မြန်မာနိုင်ငံသတင်း မီဒီယာလွတ်လပ်ခွင့်အခြေအနေ၊ ပြန်ကြားရေးဝန်ကြီးဌာနက ဆောင်ရွက်နေသည့် ဥပဒေအချို့အား ပြန်လည်ပြင်ဆင်ရေးသုံးသပ်နေမှုနှင့် ရခိုင်ပြည်နယ်သို့ သတင်းမီဒီ ယာများ စေလွှတ်ပေးနေမှုအခြေအနေများနှင့်ပတ်သက်၍  ရှင်းလင်းဆွေးနွေးခဲ့ကြသည်။ 
    

တွေ့ဆုံပွဲသို့ ဒုတိယဝန်ကြီး ဦးအောင်လှထွန်းနှင့် တာဝန်ရှိသူများ တက်ရောက် ခဲ့ကြကြောင်း သိရှိရသည်။ 


(သတင်းစဉ်)

 

123