ရန်ကုန် ဒီဇင်ဘာ ၆
၂၀၂၃ ရာသီ MNL အမှတ်ပေးပြိုင်ပွဲမှ ရွှေ့ဆိုင်းထားသည့် ပွဲစဉ်(၁၆)ကို ဒီဇင်ဘာ ၇ ရက်မှ ၁၀ ရက်အထိ ကျင်းပမည်ဖြစ်ပြီး ယခုတစ်ပတ်တွင် ချန်ပီယံအသင်း ထွက်ပေါ်လာနိုင်ဖွယ် ရှိနေသည်။
ပွဲစဉ်(၁၆)အဖြစ် ဒီဇင်ဘာ ၇ ရက်တွင် သုဝဏ္ဏကွင်း၌ ဒဂုံစတားအသင်းနှင့် ဟံသာဝတီအသင်း၊ YUSC ကွင်း၌ အား/ကာသိပ္ပံအသင်းနှင့် ရခိုင်ယူနိုက်တက်အသင်း၊ ဒီဇင်ဘာ ၈ ရက်တွင် သုဝဏ္ဏ ကွင်း၌ ဧရာဝတီအသင်းနှင့် ရတနာပုံအသင်း၊ YUSC ကွင်း၌ မြဝတီအသင်းနှင့် GFA အသင်း၊ ဒီဇင်ဘာ ၉ ရက်တွင် သုဝဏ္ဏကွင်း၌ ရှမ်းယူနိုက်တက်အသင်းနှင့် ကချင်ယူနိုက်တက်အသင်း၊ ဒီဇင်ဘာ ၁၀ ရက်တွင် သုဝဏ္ဏကွင်း၌ မဟာယူနိုက်တက်အသင်းနှင့် ရန်ကုန်ယူနိုက်တက် အသင်း ယှဉ်ပြိုင် ကစားမည်ဖြစ်သည်။ ပွဲစဉ်(၂၁)အပြီးတွင် လက်ရှိချန်ပီယံ ရှမ်းယူနိုက်တက် အသင်းက ၅၆ မှတ်ဖြင့် ဦးဆောင်နေပြီး ရန်ကုန်အသင်းက ရမှတ် ၅၀၊ ဟံသာဝတီအသင်းက ၃၄ မှတ်၊ ဒဂုံစတားအသင်းက ၂၈ မှတ်၊ အား/ ကာသိပ္ပံအသင်းနှင့် ရခိုင်ယူနိုက်တက်အသင်းက ၂၆ မှတ်စီ၊ ဧရာဝတီနှင့် မြဝတီအသင်းက ၂၅ မှတ်စီ၊ ရတနာပုံအသင်းက ရမှတ် ၂၀၊ GFA အသင်း က ၁၂ မှတ်၊ ကချင်ယူနိုက်တက်အသင်းက ၁၀ မှတ် ရရှိထားသည်။
ဇယားထိပ်ဆုံးတွင် ခြောက်မှတ်အသာဖြင့် ဦးဆောင်နေသည့် ရှမ်းယူနိုက်တက်အသင်းသည် ယခုတစ်ပတ်ပွဲတွင် အနိမ့်ဆုံး သရေ တစ်မှတ်ရယူနိုင်ရုံဖြင့် ပွဲမကုန်မီ ချန်ပီယံဆုအား စောစီးစွာ ရယူနိုင်မည် ဖြစ်သည်။ လက်ကျန်နှစ်ပွဲစီကစားရန် ကျန်တော့သည့်အချိန်တွင် ရှမ်းယူနိုက်တက် အသင်းအနေဖြင့် ချန်ပီယံဆုနှင့် လက်တစ်ကမ်းအကွာ ရောက်ရှိနေပြီး ယခုတစ်ပတ် ကတည်းက အဖြေထွက်ပေါ်ဖွယ်ရှိနေခြင်း ဖြစ်သည်။ ပွဲစဉ် (၂၁) အပြီးတွင် တန်းဆင်းနှစ်သင်း ထွက်ပေါ်ပြီးဖြစ်သောကြောင့် လက်ကျန်ပွဲများတွင် ချန်ပီယံအသင်း အဆင့် ၄/၅ နေရာအတွက် ပြိုင်ဆိုင်မှုများသာ ဆက်လက်တွေ့မြင်ရမည်ဖြစ်သည်။
သတင်း-ကိုညီလေး၊ ဓာတ်ပုံ-MNL