ဟုမ္မလင်းမြို့၌ (၁၀၃) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အခမ်းအနား ကျင်းပ

ဟုမ္မလင်း  ဒီဇင်ဘာ  ၈

 

စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့၌ (၁၀၃) နှစ်မြောက် အမျိုးသား အောင်ပွဲနေ့ အခမ်းအနားကို  ဒီဇင်ဘာ ၇ ရက်က  အ-ထ-က(၁) ဘိုးရာဇာခန်းမ၌  ကျင်းပရာ  ပြည်ထောင်စုသမ္မတ  မြန်မာနိုင်ငံတော် အစိုးရ  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ   နိုင်ငံတော်ဝန်ကြီးချုပ်    ဗိုလ်ချုပ်မှူးကြီး   သတိုးမဟာသရေစည်သူ   သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှ  ပေးပို့သော (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲ နေ့အခမ်းအနားသဝဏ်လွှာကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲဝင်း က  ဖတ်ကြားသည်။

 

ဆက်လက်၍   (၁၀၃) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်   အခြေခံပညာအထက်တန်းအဆင့်၊  အလယ်တန်းအဆင့်၊ မူလတန်းအဆင့် စာစီစာကုံး၊ ကဗျာနှင့် ပန်းချီပြိုင်ပွဲတွင် ဆုရရှိသည့် ကျောင်းသား ကျောင်းသူများအား  ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ဆုများချီးမြှင့်ပေးအပ်ကြောင်း သိရသည်။

ဟုမ္မလင်း(ပြန်/ဆက်)