မြန်မာနိုင်ငံတော်ဗဟိုဘဏ်က အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် Digital Payment  Switch (Myanmar Pay) နှင့်စပ်လျဉ်း၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ရန်ကုန်  ဒီဇင်ဘာ  ၈

 

မြန်မာနိုင်ငံတော် ဗဟိုဘဏ်က အကောင်အထည်ဖော်ဆောင်ရွက်နေသည့် Digital Payment Switch    (Myanmar  Pay)    ၏ လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများ၊ မူဝါဒပိုင်းဆိုင်ရာနှင့်   နည်းပညာ ပိုင်းဆိုင်ရာတို့ကို လမ်းညွှန်ဆုံးဖြတ်ပေးရမည့်အချက်များနှင့် စပ်လျဉ်းသည့် အစည်းအဝေးကို     ယနေ့ နံနက် ၁၀ နာရီခွဲတွင်   မြန်မာနိုင်ငံတော် ဗဟိုဘဏ်      ရန်ကုန်ဘဏ်ခွဲရှိ အစည်းအဝေးခန်းမ၌     ကျင်းပသည်။          

                

အစည်းအဝေးသို့ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေနှင့် တာဝန်ရှိသူများ၊ ကမ္ဘောဇဘဏ်လီမိတက်နှင့် Wave Money  တို့မှ  နည်းပညာကျွမ်းကျင်သူများနှင့်   PayPlus Co., Ltd မှ  အကြီးတန်းစီမံခန့်ခွဲသူများ တက်ရောက်ကြသည်။

 

အစည်းအဝေးတွင်    မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေက မြန်မာနိုင်ငံငွေရေး ကြေးရေးစနစ် ဖွံ့ဖြိုးတိုးတက်မှုနှင့် ငွေရေးကြေးရေးကဏ္ဍတွင် အများပါဝင်ဆောင်ရွက်နိုင်မှုတိုးမြှင့်ရန် မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ    အကောင်အထည်ဖော်     ဆောင်ရွက်လျက်ရှိသည့် Digital Payment Switch သည် ပြည်တွင်းငွေကြေးဖြင့် စာရင်းရှင်းလင်းခြင်းစီမံကိန်း (Local Currency Settlement Project) ဖြစ်ကြောင်း၊   Project   အတွက် မြန်မာနိုင်ငံတော်        ဗဟိုဘဏ်၊ PayPlus၊ Technical Consultant Team တို့၏ လုပ်ငန်းတာဝန်များ နှင့် Working Group တို့ကို ကဏ္ဍ အလိုက်   တာဝန် ခွဲဝေ၍   ချမှတ်ထားကြောင်း၊    Working  Group များသည်     Project  Timeline အတွင်း   အချိန်မီ ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ QR ကို အသုံးပြု၍ နယ်စပ်ဖြတ်ကျော်  ငွေပေးချေမှု များတွင်   အဆင်သင့်ဖြစ်စေရန် နိုင်ငံတကာအတွေ့အကြုံများလေ့လာ၍ မူဝါဒပိုင်းဆိုင်ရာ၊ နည်းပညာပိုင်းဆိုင်ရာ တို့ကို ထည့်သွင်းစဉ်စားရန်လိုအပ်ကြောင်း၊ Policy Guideline များချမှတ်မှုကို အမြန်ဆုံး   ဆောင်ရွက် ရမည်ဖြစ်ကြောင်း ပြောကြားပြီး  ကမ္ဘောဇဘဏ်လီမိတက်၊  Wave Money တို့မှ    နည်းပညာကျွမ်းကျင် သူများနှင့်   PayPlus Co.,Ltd    မှ Myanmar  Pay   ၏   Mockup ဆောင်ရွက်မှုပုံစံအား ရှင်းလင်း တင်ပြမှုအပေါ်  လိုအပ်သည်များ ဆွေးနွေးအကြံပြုသည်။

 

ထို့ပြင်     မြန်မာနိုင်ငံတော် ဗဟိုဘဏ်၏     ဦးဆောင်မှုဖြင့် Industrial    and     Commercial Bank of China (ICBC)(ရန်ကုန် ဘဏ်ခွဲ)   မှ     မြန်မာအမျိုးသမီးစီးပွားရေး    စွမ်းဆောင်ရှင်များအသင်း အတွက် လှူဒါန်းငွေပေးအပ် ပွဲအခမ်းအနားကို  မွန်းလွဲပိုင်းတွင်  မြန်မာနိုင်ငံတော်ဗဟိုဘဏ် ရန်ကုန် ဘဏ်ခွဲ၌ ကျင်းပရာ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေ၊ နိုင်ငံခြားသုံးငွေစီမံခန့်ခွဲ မှုဌာန    ညွှန်ကြား ရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊    ICBC   (ရန်ကုန် ဘဏ်ခွဲ)မှ CEO Mr. Liu Ming နှင့် တာဝန်ရှိသူများ၊ မြန်မာအမျိုးသမီးစီးပွားရေး စွမ်းဆောင်ရှင်များ အသင်းဥက္ကဋ္ဌ      ဒေါ်ကြွေကြွေဇင်နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

 

ICBC (ရန်ကုန်ဘဏ်ခွဲ)သည် စီးပွားရေးလုပ်ငန်းစု၏ လူမှုတာဝန်ကျေပွန်မှု   (Corporate Social Responsibility - CSR) အစီအစဉ် တစ်ရပ်အနေဖြင့်    မြန်မာနိုင်ငံမှ အမျိုးသမီးများ၏  လူမှုစီးပွားဘဝ တိုးတက်       မြင့်မားလာစေရန်၊ အကျိုးပြု       စီးပွားရေးလုပ်ငန်း များ   ပေါ်ထွန်းလာစေရေးအတွက် အမျိုးသမီး   စွန့်ဦးတီထွင်သူများ ပေါ်ထွက်လာစေရန်၊    တိုင်းပြည် ဖွံ့ဖြိုးတိုးတက်မှုအတွက်    အမျိုး သမီးများ၏ အခန်းကဏ္ဍနှင့်ပါဝင် နိုင်စွမ်းကို  ပံ့ပိုးကူညီမြှင့်တင်ရန် ရည်ရွယ်လှူဒါန်းခြင်းဖြစ်ပြီး အခမ်း အနားတွင် မြန်မာနိုင်ငံတော် ဗဟိုဘဏ်ဥက္ကဋ္ဌက  အဖွင့်အမှာ စကားပြောကြား၍  ICBC (ရန်ကုန် ဘဏ်ခွဲ) ၏ CEO က လှူဒါန်းရခြင်း နှင့်စပ်လျဉ်း၍    ရှင်းလင်းပြော ကြားကာ ICBC(ရန်ကုန်ဘဏ်ခွဲ)မှ     အလှူငွေများ   ပေးအပ်ရာ မြန်မာအမျိုးသမီး     စီးပွားရေး စွမ်းဆောင်ရှင်များ     အသင်းဥက္ကဋ္ဌ က   လက်ခံရယူပြီး   ကျေးဇူးတင်စကား ပြောကြားသည်။    

 

ယင်းနောက် မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌက နိဂုံးချုပ်အမှာ စကားပြောကြားပြီး  အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။

သတင်းစဉ်