နိုင်ငံတော်လုံခြုံရေးနှင့် ကာကွယ်ရေးတာဝန်များကို စွမ်းစွမ်းတမံ ထမ်းဆောင်လျက်ရှိသော တပ်မတော်သားများအား စေတနာရှင်ပြည်သူများက ဒုတိယအကြိမ် အလှူငွေများ  ပေးအပ်လှူဒါန်း

 

 

ရန်ကုန် ဖေဖော်ဝါရီ ၁၂

 

အရှေ့မြောက်တိုင်းစစ်ဌာနချုပ်နယ်မြေအတွင်း နိုင်ငံတော်လုံခြုံရေးနှင့် ကာကွယ်ရေး  တာဝန်များကို စွမ်းစွမ်းတမံ ထမ်းဆောင်လျက်ရှိသော တပ်မတော်သားများအား စေတနာရှင် ပြည်သူများက ဒုတိယအကြိမ် အလှူငွေများ ပေးအပ်လှူဒါန်းပွဲအခမ်း အနားကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး မင်္ဂလာခန်းမ၌ ကျင်းပသည်။

 

အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းစစ် ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ဇော်ဟိန်း၊ တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ်၊ တိုင်းစစ်ဌာနချုပ်မှ တပ်မတော်အရာရှိကြီးများ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့် စေတနာရှင် အလှူရှင်များ တက်ရောက်ကြသည်။

 

mdn

 

ထို့နောက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ရန်ကုန်မြို့တော်စည်ပင်သာယာ ရေးကော်မတီ၊ တိုင်းဒေသကြီး သယံဇာတရေးရာဝန်ကြီးဌာန၊ ဌာနဆိုင်ရာများ၊ တိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့၊ ခရိုင်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးအဖွဲ့ရုံးများ၊ လူမှု‌ရေးအသင်းအဖွဲ့များနှင့် ကုမ္ပဏီများမှ စေတနာရှင် အလှူရှင်များက အလှူငွေများ ပေးအပ်လှူဒါန်းကြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ကြ၍ တိုင်းဒေသကြီးဝန်ကြီးချုပ်က ကျေးဇူးတင်စကား ပြောကြားသည်။ 

 

အဆိုပါအခမ်းအနားတွင် စေတနာရှင်၊ အလှူရှင်စုစုပေါင်း (၂၀၅) ဦးထံမှ အလှူငွေစုစုပေါင်းမှာ ငွေကျပ် (၁၀၁၀,၁၂၇,၀၀၀) လက်ခံရရှိခဲ့ကြောင်းနှင့် ပထမ အကြိမ် အလှူငွေများပေးအပ်လှူဒါန်းပွဲတွင် စေတနာရှင်၊ အလှူရှင်(၉၉)ဦးထံမှ လှူ‌ဒါန်း ငွေကျပ် (၁,၁၂၇,၃၂၅,၆၀၀) ဖြစ် ကြောင်းသိရသည်။

သတင်းစဉ်