မအူပင်မြို့တွင် မြို့နယ်အဆင့် ရှာဖွေကယ်ဆယ်ရေးသင်တန်းပို့ချ

မအူပင်  ဖေဖော်ဝါရီ  ၂၈

 

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့တွင် မြို့နယ်အဆင့် ရှာဖွေကယ်ဆယ်ရေးသင်တန်းအား ယနေ့ နံနက် ၇ နာရီက မအူပင်ခရိုင် မီးသတ်ဦးစီးဌာနရုံးတွင် သင်ကြားပို့ချလျက်ရှိကြောင်း သိရသည်။

 

အဆိုပါသင်တန်းအား မအူပင်မြို့နယ် မီးသတ်ဦးစီးမှူး ဦးဇော်မျိုးဌေးဦးစီး၍ သင်တန်းသား၊ သင်တန်းသူ (၅၀)ဦးအား သဘာဝဘေးအန္တရာယ်ကြုံတွေ့လာပါက ရှာဖွေကယ်ဆယ်နည်းများနှင့် မီးငြိမ်းသတ်နည်းများအား ဘာသာရပ်အလိုက် စာတွေ့လက်တွေ့ သင်ကြားပို့ချလျက်ရှိပြီး သင်တန်းကာလမှာ (၄)ပတ်ဖြစ်ကြောင်းသိရသည်။                                                                                                                                                                                                        

အောင်မြင့်မြတ်(ပြန်/ဆက်)

 

 

 

၀၉၆၇၉၉၇၇၆၆၅