ပြည်မြို့နယ်နှင့် မင်းလှမြို့နယ်တို့၌ ငွေကျပ် ၃ ဒသမ ၃ ဘီလီယံတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၁၆ ဒသမ ၅ သိန်း ဖမ်းဆီးရမိ

နေပြည်တော် ဖေဖော်ဝါရီ ၂၈

 

ပြည်မြို့နယ်နှင့် မင်းလှမြို့နယ်တို့တွင် ငွေကျပ် ၃ ဒသမ ၃  ဘီလီယံတန်ဖိုးရှိ  စိတ်ကြွရူးသွပ်ဆေးပြား ၁၆ ဒသမ ၅ သိန်း ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

 

Description: \\MAINPC\Main(2)\2024 DATA\10. Daily Significant Case (2024)\01. January\23-1-2024 ATS 20 Lakhs, Ice 23 kg & Opium  75 kg (Su-30)\Photos\Mail Photos\viber_image_2024-01-23_20-47-42-117.jpgလုံခြုံရေးတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ဖေဖော်ဝါရီ ၁၃ ရက် နံနက် ၉ နာရီတွင် ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့နယ်၊ န၀ဒေးတံတားထိပ်တွင် ပြည်ဘက်မှ ပန်းတောင်းဘက်သို့ ယာဉ်မောင်း ဟိန်းပိုင်ဦး(ခ)ကိုပိုင်(ခ)သားညီ မောင်းနှင်လာသည့် ISUZU Light Truck ယာဉ်ကို သတင်းအရရှာဖွေရာ ယာဉ်ပေါ်တွင် အိမ်သုတ်ဆေးပုံးများနှင့် Compressor လေအိုးတို့အတွင်း သိုဝှက်သယ်ဆောင်လာသည့် စိတ်ကြွရူးသွပ်ဆေးပြား ၁၄ ဒသမ ၁ သိန်း သိမ်းဆည်းရမိခဲ့ကြောင်း၊ စစ်ဆေးဖော်ထုတ်ချက်အရ ည ၇ နာရီခွဲတွင် မကွေးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်၊ ပုသိမ်- မုံရွာကားလမ်း၊ မိုင်တိုင်အမှတ်(၂၀၅)အနီးတွင် အောင်ကိုလတ်၊ ဇော်မြင့်(ခ)ရေခဲနှင့် လင်းလင်းထိုက် တို့ သုံးဦးကို စိတ်ကြွရူးသွပ်ဆေးပြား ၂ ဒသမ ၄ သိန်း၊  Bighorn ယာဉ်တစ်စီးနှင့်လည်းကောင်း၊ ဖေဖော်ဝါရီ ၁၄ ရက်တွင် စိတ်ကြွရူးသွပ်ဆေးပြားများ သယ်ဆောင်ရာတွင် ပူးပေါင်းပါဝင်သူ ကျော်လှကို မင်းတုန်းမြို့၊ တည်းခိုခန်း၌လည်းကောင်း ဆက်လက်ဖမ်းဆီးရမိခဲ့သဖြင့် စုစုပေါင်း ဒေသကာလ တန်ဖိုးငွေကျပ် ၃ ဒသမ ၃ ဘီလီယံတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၁၆ ဒသမ ၅ သိန်း သိမ်းဆည်းရမိခဲ့ပြီး စစ်ဆေးပေါ်ပေါက်ချက်များအရ သိမ်းဆည်းရမိ စိတ်ကြွရူးသွပ် ဆေးပြားများကို ရန်ကုန်တိုင်းဒေသကြီးမှ ရခိုင်ပြည်နယ်နယ်စပ်သို့ သယ်ဆောင်ရောင်းဝယ်ခြင်း ဖြစ်ကြောင်း သိရှိရသဖြင့် ၎င်းတို့အား ဥပဒေအရအရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများကို ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း သိရသည်။

 

သတင်းစဉ်