ဖေဖော်ဝါရီ ၂၇
ရုရှားဖက်ဒရေးရှင်းနိုင်ငံ ကာဇန်မြို့၌ကျင်းပလျက်ရှိသော အားကစားပြိုင်ပွဲများအနက် Mobile Legends Bangs Bangs (MLBB) ပြိုင်ပွဲ အုပ်စုအဆင့်တွင် မွန်ဂိုလီးယားနိုင်ငံကိုယ်စားပြု Team Lilgun အသင်းနှင့် မြန်မာနိုင်ငံကိုယ်စားပြု Burmese Ghouls အသင်းတို့ ဖေဖော်ဝါရီ ၂၇ ရက် ညပိုင်းက ယှဉ်ပြိုင်ခဲ့ရာ မွန်ဂိုလီးယားနိုင်ငံကိုယ်စားပြု Team Lilgun ကို မြန်မာအသင်းက နှစ်ပွဲပြတ်ဖြင့် အနိုင်ယူခဲ့သည်။ Play-Off Stage Round 1 တွင် မြန်မာနိုင်ငံကိုယ်စားပြု Burmese Ghouls အသင်းနှင့်ဆော်ဒီအာရေဗျနိုင်ငံကိုယ်စားပြု Twisted Minds အသင်းတို့ မြန်မာစံတော်ချိန် ညနေ ၅ နာရီ ၃၀ မိနစ်တွင် ယှဉ်ပြိုင်ကစားသွားမည်ဟု သိရသည်။
မြင့်မြင့်ချို