ပူတာအိုမြို့နယ်ရှိ သမိုင်းဝင် ကောင်းမှုလုံစေတီ၊ ရွှေစည်းခုံစေတီပုံတူနှင့် ရွှေတိဂုံစေတီပုံတူ ဘုရားပတ်လမ်းများ ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း ရာခိုင်နှုန်းပြည့်ပြီးစီး

နေပြည်တော် ဖေဖော်ဝါရီ ၂၈

 

နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၏၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် နယ်စပ်ဒေသဖွံ့ဖြိုးရေး ပြည်ထောင်စု ရန်ပုံငွေကျပ် ၆၀၄ ဒမ ၁၂၅ သန်းဖြင့် ဆောင်ရွက်ခဲ့သော ကချင်ပြည်နယ် ပူတာအိုမြို့နယ် သမိုင်းဝင် ကောင်းမှုလုံစေတီ၊ ရွှေစည်းခုံစေတီပုံတူနှင့် ရွှေတိဂုံစေတီပုံတူ ဘုရားပတ်လမ်းများ ကွန်ကရစ်လမ်း ခင်းခြင်းလုပ်ငန်းကို ဖေဖော်ဝါရီ ၂၈ ရက်တွင် ရာနှုန်းပြည့်ပြီးစီးအောင် ဆောင်ရွက်နိုင်ခဲ့ကြောင်း သိရသည်။

 

ထို့ပြင် နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အနေဖြင့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် ကချင်ပြည်နယ်အတွင်း လမ်းတံတားလုပ်ငန်း၊ ရေရရှိရေးလုပ်ငန်း၊ လျှပ်စစ်ဓာတ်အားလုပ်ငန်း၊ သာသနာရေးလုပ်ငန်းနှင့် တန်ဖိုးနည်းအိမ်ရာ ဆောက်ရေးလုပ်ငန်း စသည့် ဖွံ့ဖြိုးရေးလုပ်ငန်း ၃၄ ခုကို ခွင့်ပြုရန်ပုံငွေကျပ် ၅၄၈၈ ဒသမ ၈၈၂ သန်းဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်