နေပြည်တော် ဧပြီ ၁၂
အမျိုးသမီးများကို တရုတ်ယောင်္ကျားနှင့် လက်ထပ်ရန်စည်းရုံးပြောဆိုပြီး တရုတ်နိုင်ငံသို့ ပို့ဆောင်ရောင်းစား ၍ အကျိုးအမြတ် ရယူရန်စီစဉ်ခဲ့သူများကို လူကုန်ကူးမှုဖြင့် အလုပ်နှင့်ထောင်ဒဏ် ချမှတ်ခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
ရှမ်းပြည်နယ်၊ ကျိုင်းတုံမြို့နယ်နေ မအားမွှေ(ခ)အားမွှေးနှင့် ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်နေ စိုင်းသီဟ(ခ) ဖိုးဇော် တို့က ရှမ်းပြည်နယ်၊ တာလေမြို့နယ်နေ မ---၊ ၂၂/၂၃ နှစ်အား တရုတ် ယောက်ျားနှင့်လက်ထပ်ရန် စည်းရုံးပြောဆိုပြီး တရုတ်နိုင်ငံသို့ ပို့ဆောင်ရောင်းစား၍ အကျိုးအမြတ်ရယူရန် စီစဉ်ခဲ့သဖြင့် ချမ်းအေးသာစံမြို့နယ်၊ အမှတ်(၃)နယ်မြေ ရဲစခန်း(ပ) ၂၃၂ /၂၀၂၃၊ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးဥပဒေပုဒ်မ ၃၅/၄၄ ဖြင့် အမှုရေးဖွင့်ခဲ့ပြီး မဟာအောင်မြေ ခရိုင်တရားရုံးသို့ တရားစွဲ တင်ပို့ခဲ့ရာ ၂၄ ဧပြီ ၁၀ ရက်တွင် တရားခံ မအားမွှေ(ခ) အားမွှေးအား လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးဥပဒေပုဒ်မ ၃၅ အရ အလုပ်နှင့်ထောင်ဒဏ် ၁၀ နှစ်၊ စိုင်းသီဟ(ခ) ဖိုးဇော်အား လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေပုဒ်မ ၃၇ အရ အလုပ်နှင့် ထောင်ဒဏ် ၃ နှစ် ချမှတ်ခဲ့ကြောင်း သိရသည်။
ရှမ်းပြည်နယ်၊ ကျိုင်းတုံမြို့နယ်နေ မအားမွှေ(ခ)အားမွှေးနှင့် ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်နေ စိုင်းသီဟ(ခ) ဖိုးဇော် တို့က ရှမ်းပြည်နယ်၊ ကျိုင်းတုံမြို့နယ်နေ မ---၊ ၂၂/၂၃ နှစ်အား တရုတ်ယောက်ျားနှင့် လက်ထပ်ရန် စည်းရုံးပြောဆိုပြီး တရုတ်နိုင်ငံသို့ ပို့ဆောင်ရောင်းစား၍ အကျိုးအမြတ်ရယူရန် စီစဉ်ခဲ့သဖြင့် ချမ်းအေးသာစံမြို့နယ်၊ အမှတ်(၃)နယ်မြေရဲ စခန်း(ပ) ၂၃၃ /၂၀၂၃၊ လူကုန်ကူးမှုတားဆီး နှိမ်နင်းရေးဥပဒေပုဒ်မ ၃၅/၄၄ ဖြင့် အမှုရေးဖွင့်ခဲ့ပြီး မဟာအောင်မြေ ခရိုင်တရားရုံးသို့ တရားစွဲတင်ပို့ခဲ့ရာ ၂၄ အေ ၁၀ ရက်တွင် တရားခံ မအားမွှေ(ခ) အားမွှေးအား လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ဥပဒေပုဒ်မ ၃၅ အရ အလုပ်နှင့်ထောင်ဒဏ် ၁၀ နှစ်၊ စိုင်းသီဟ(ခ) ဖိုးဇော်အား လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေပုဒ်မ ၃၇ အရ အလုပ်နှင့် ထောင်ဒဏ် ၃ နှစ် ချမှတ်ခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)