ပို့ကုန်တိုးမြှင့်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိ

နေပြည်တော်၊ ဧပြီ ၁၂

 

နိုင်ငံတော်အနေဖြင့် နိုင်ငံ့စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရန်အတွက် ပို့ကုန်မြှင့်တင်ရေးလုပ်ငန်းများကို အလေးပေးဆောင်ရွက်လျက်ရှိရာ အစိုးရ-ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှုအနေဖြင့် စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ် (UMFCCI)တို့ ပူးပေါင်းစီစဉ်၍ ပို့ကုန်တိုးမြှင့်ရေး လုပ်ငန်းများဆောင်ရွက် ျက်ရှိရာ ယနေ့တွင် အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းများဖြစ်သော မြန်မာ့စက်မှုဆိပ်ကမ်း (MIP-2) မင်းထက်မင်း (MHM) ဆိပ်ကမ်းနှင့် အလုံအပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်း- (AIPT - 3) တို့မှ သင်္ဘော စီးဖြင့် ပြောင်းဖူးစေ့တန်ချိန် ၃၉,၅၀၀ တင်ပို့ခဲ့သည်။

 

အလားတူ အေးရှားဝေါလ်ဆိပ်ကမ်း (AWPT-3) မှ ရေထွက်ကုန် ပစ္စည်းများ၊ ဆန်၊ ပဲတို့ တင်ဆောင် ထွက်ခွာသွားသည်။               

 

ထို့အပြင် ဧပြီ ၁၃ ရက်တွင် မင်းထက်မင်း (MHM) ဆိပ်ကမ်းမှ ပြောင်းဖူးစေ့တန်ချိန်  ,၇၀၀ ဆူးလေ ဆိပ်ကမ်း (SPW-6) မှ ပြောင်းဖူးစေ့တန်ချိန် ၂၅,၀၀၀ ဧပြီ ၁၅ ရက်တွင်  ယခင်ဗိုလ်အောင် ကျော်ဆိပ်ကမ်း (The Myanmar Terminal TMT 1)  ဆိပ်ကမ်းမှ ပြောင်းဖူးစေ့တန်ချိန် ၁၂,၇၀၀   Yangon International Gateway Terminal (YIGTA) ဆိပ်ကမ်းမှ ပြောင်းဖူးစေ့တန်ချိန် ၁၄,၅၀၀ Wilmer Myanmar Port Terminal (WILMAR) ဆိပ်ကမ်းမှ ပြောင်းဖူးစေ့တန်ချိန် ,၇၀၀ တို့ကို ဆက်လက်တင်ပို့သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

(သတင်းစဉ်)