ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ပထမအကြိမ် မြန်မာ့ရိုးရာအတာသင်္ကြန် ရေကစားပွဲနှင့် ယိမ်းအက ဖျော်ဖြေပွဲ အခမ်းအနားကျင်းပ

နေပြည်တော် ဧပြီ ၁၂

 

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ပထမအကြိမ် မြန်မာ့ရိုးရာအတာသင်္ကြန်ရေ ကစားပွဲနှင့် ယိမ်းအက ဖျော်ဖြေပွဲ အခမ်းအနားကို ယနေ့ မွန်းလွဲ ၂ နာရီတွင် ပြည်ထောင်စ ရွေးကောက်ပွဲကော်မရှင်ရုံး၊ တိုးချဲ့ရုံးသစ်ရှေ့ ရေကစားမဏ္ဍပ်၌ ကျင်းပသည်။

 

အခမ်းအနားသို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးကိုကိုနှင့်ဇနီး၊ ဥပဒေရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာ သီတာဦး၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းနှင့် ဇနီး၊ ကော်မရှင် အဖွဲ့ဝင်များနှင့်ဇနီးများ၊ ကော်မရှင်ရုံးအရာထမ်း၊ အမှုထမ်းများနှင့်မိသားစုဝင်များ တက်ရောက်ကြသည်။

 

ဦးစွာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌက အတာသင်္ကြန်အကြို နှုတ်ခွန်းဆက်စကား ပြောကြားပြီး ယိမ်းအဖွဲ့များက မြူမှောင်ဝေကင်းသီချင်းဖြင့် စုပေါင်းကပြဖျော်ဖြေရာ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌက ယိမ်းအဖွဲ့များကို အတာသင်္ကြန်ရေဖြင့် ပက်ဖျန်းပြီး ရေကစားပွဲကို ဖွင့်လှစ်ပေးသည်။

 

အတာသင်္ကြန်ရေကစားပွဲတွင် အနုပညာဦးစီးဌာနမှ ယိမ်းအဖွဲ့များနှင့် ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်ရုံးမှ ဝန်ထမ်းယိမ်းအဖွဲ့များက သင်္ကြန်ယိမ်းအဆိုအကများဖြင့် ဖျော်ဖြေကြပြီး ဌာနများမှ စတဒိသာမုန့်များ ကျွေးမွေးကြသည်။

 

ထို့နောက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌက ယိမ်းအဖွဲ့များနှင့် သီဆိုဖျော်ဖြေသူများအား ဂုဏ်ပြုချီးမြှင့်ငွေများပေးအပ်ပြီး ပျော်ရွှင်စွာရေကစားခဲ့ကြသည်။

(သတင်းစဉ်)