နေပြည်တော် အောက်တိုဘာ ၄
အလုပ်သမားဝန်ကြီးဌာန လူမှုဖူလုံရေးအဖွဲ့မှ ဆေးကုသရေးအဖွဲ့ဝင်များသည် ရေဘေးဒဏ်ခံခဲ့ရသော ဇေယျာသီရိမြို့နယ် ချောင်းကမ်းကြီးကျေးရွာသို့ ယမန်နေ့က သွားရောက်၍ နှာစေးချောင်းဆိုး၊ ဖျားနာ၊ ဝမ်းရောဂါနှင့် အထွေထွေအားနည်းရောဂါ ခံစားနေရသော လူနာများကို ဆေးကုသမှုများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ကျေးရွာရှိ အမျိုးသား (၃၀)၊ အမျိုးသမီး (၅၅)ဦးနှင့် သံဃာတော် (၁၆)ပါးတို့ကို လူမှုဖူလုံရေးအဖွဲ့မှ ဆေးကုသမှုလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ပြီး Valves Private Limited မှ လှူဒါန်းသော ဖိနပ်အရံ (၁၁၀၀) ကို ကျေးရွာနေပြည်သူများထံ ပေးအပ်သည်။
အလုပ်သမားဝန်ကြီးဌာန လူမှုဖူလုံရေးအဖွဲ့အနေဖြင့် အကျုံးဝင် အာမခံအလုပ်သမားများကို ကျန်းမာရေးစောင့်ရှောက်မှု ပေးလျက်ရှိသည့်အပြင် သဘာဝဘေးဒဏ်သင့် ဒေသများရှိ ပြည်သူလူထု၏ ကျန်းမာရေးစောင့်ရှောက်မှုကိုလည်း အခါအားလျော်စွာ စောင့်ရှောက်ပေးလျက်ရှိကြောင်း သတင်းရရှိသည်။
သတင်းစဉ်