နေပြည်တော်၊ အောက်တိုဘာ     ၈ 
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန သစ်တောဦးစီးဌာနသည် တရားမဝင်သစ်နှင့် သစ်တောထွက်ပစ္စည်းများ ရှာဖွေဖော်ထုတ်ဖမ်းဆီးရေးအား ပြည်သူ ပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြု စောင့်ကြပ်ကြည့်ရှုသတင်းပို့စနစ် (Community Monitoring and Reporting System-CMRS) အပါအဝင် နည်းလမ်းမျိုးစုံဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ  စက်တင်ဘာ ၃၀ ရက်မှ အောက်တိုဘာ ၆ ရက်အထိ နေပြည်တော်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး သစ်တောဦးစီးဌာနများမှ ပေးပို့လာသော စာရင်းများအရ တရားမဝင် ကျွန်း (၃၀ ဒသမ ၁၉၂၈) တန်၊ သစ်မာ (၁၁ ဒသမ ၈၈၄၈) တန်၊ အခြား (၆ ဒသမ ၅၂၂၄)တန်၊ စုစုပေါင်း (၄၈ ဒသမ ၆၀၀၀)တန်၊ ယာဉ်/ ယန္တရား (၇)စီး၊ တရားခံ (၁၆)ဦး ဖမ်းဆီးရမိခဲ့ကြောင်း သစ်တောဦးစီးဌာနမှ သိရသည်။

သတင်းစဉ်