ရေဘုတ်ဆည် ရေလှောင်တမံဧရိယာအတွင်း နွေစပါးလျာထားဧက ပြည့်မီရေး ရေပေးဝေစိုက်ပျိုးလျက်ရှိ

လှိုင်းဘွဲ  ၆ မတ်


ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်၊ ထီလုံကျေးရွာအနီးတွင် လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနက ရေဘုတ် ရေလှောင်တမံ ဆည်ရေသောက် ဧရိယာအတွင်း တောင်သူများ စိုက်ပျိုးထားသော နွေစပါးနှင့် နွေသီးနှံများ စဉ်ဆက်မပြတ် စိုက်ပျိုးရေ ပေးဝေနိုင်ရေးနှင့် ပတ်ဝန်ကျင် စိမ်းလန်းစိုပြေရေး အထောက်အကူပြု ရည်ရွယ် စိုက်ပျိုးလျက်ရှိသော နွေစပါးလျာထားဧက ပြည့်မီပိုလျှံစေရေးအတွက် ရေဘုတ်ဆည်အတွင်းမှ ရေများ ပေးဝေစိုက်ပျိုးလျက်ရှိကြောင်း သိရသည်။


၂၀၁၈-၂၀၁၉ ခုနှစ်တွင် ရေဘုတ်ရေလှောင်တမံ ဆည်ရေသောက် ဧရိယာအတွင်း နွေစပါး (၂၉၄) ဧကအား အောင်မြင်စွာ စိုက်ပျိုးပြီးစီးပြီး ကရင်ပြည်နယ်တွင် နွေစပါးစိုက်ပျိုးမှု ရာသီအတွင်း (၂၀၁၈-၂၀၁၉) ခုနှစ်တွင် နွေစပါးကွင်းပိတ် စိုက်ပျိုးမှုစာရင်းများအရ (၁၁၄၀၅၄) ဧကအား စိုက်ပျိုးပြီးစီးပြီ ဖြစ်ကြောင်းကို ပြည်နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးမောင်မောင်၏ ပြောကြားချက်အရ သိရှိရသည်။


ခင်စန်းမြင့်(ပြန်/ဆက်)

 

1