နေပြည်တော်   ဇန်နဝါရီ   ၂၄   

 

လျှပ်စစ်ကျွမ်းကျင်မှု အခြေခံသင်တန်းအမှတ်စဉ်(/၂၀၂၄)သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ် ကျိုက်ဝိုင်းရှိ လျှပ်စစ်ကျွမ်းကျင်မှုသင်တန်းခန်းမ၌ ကျင်းပပြုလုပ်ရာ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း Virtual စနစ်ဖြင့် တက်ရောက်သည်။

 

အခမ်းအနားသို့ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ မြန်မာနိုင်ငံ အင်ဂျင်နီယာကောင်စီဥက္ကဋ္ဌ၊ မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းချုပ်ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်ဥက္ကဋ္ဌ၊ ရန်ကုန်တိုင်းဒေသကြီး လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်း အင်ဂျင်နီယာချုပ်၊ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စက်မှုဝန်ကြီးဌာနမှ စက်ရုံမှူးများ၊ နည်းပြဆရာ၊ ဆရာမများ၊ သင်တန်းသား၊ သင်တန်းသူများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

 

ဦးစွာ ပြည်ထောင်စုဝန်ကြီးက နိုင်ငံတစ်နိုင်ငံတွင် သဘာဝသယံဇာတ အရင်းအမြစ် များအရေးပါသကဲ့သို့ လူ့စွမ်းအားအရင်းအမြစ်များ၏ ဖွံ့ဖြိုးတိုးတက်မှုသည်လည်း အလွန် အရေးကြီးကြောင်း၊ သင်တန်းဆင်း သင်တန်းသား၊ သင်တန်းသူများအနေဖြင့် နိုင်ငံတော် အတွက် အထောက်အကူဖြစ်ရုံသာမက နိုင်ငံတကာတွင် ရင်ဘောင်တန်းပြီး လုပ်ငန်း ဆောင်ရွက်နိုင်သည့် နိုင်ငံ့ဂုဏ်ဆောင် ဝန်ထမ်းကောင်းများ၊ စက်ရုံ၊ အလုပ်ရုံများတွင် လျှပ်စစ်ပြင်ဆင်ခြင်းနှင့် တပ်ဆင်ခြင်းများဆောင်ရွက်ကြသည့် လျှပ်စစ်ကျွမ်းကျင် သူများ ဖြစ်အောင် ကြိုးစားလုပ်ကိုင်ကြရန် ပြောကြားသည်။

 

ထို့နောက် တာဝန်ရှိသူများက သင်တန်းတွင် ပထမ၊ ဒုတိယ၊ တတိယဆု ရရှိသူများကို ဆုများ ချီးမြှင့်ပေးအပ်ကြသည်။

 

စက်မှုဝန်ကြီးဌာနအနေဖြင့် လျှပ်စစ်ကျွမ်းကျင်မှုအခြေခံသင်တန်းများကို  ၁၉၉၈ ခုနှစ်မှ စတင်ဖွင့်လှစ်ခဲ့ပြီး ယနေ့အထိ သင်တန်း(၄၉)ကြိမ်ဖွင့်လှစ်၍ လျှပ်စစ်ကျွမ်းကျင်သူ (၃၈၉၉)ဦး လေ့ကျင့်သင်ကြားမွေးထုတ် နိုင်ခဲ့ပြီး ဖြစ်ကြောင်းနှင့် လျှပ်စစ်ကျွမ်းကျင်မှု အခြေခံသင်တန်း အမှတ်စဉ်(/၂၀၂၄)သို့ ဝန်ကြီးဌာနများ၊ ပုဂ္ဂလိကစက်ရုံအလုပ်ရုံများမှ သင်တန်းသား၊ သင်တန်းသူ စုစုပေါင်း (၆၀) တက်ရောက်ခဲ့ပြီး ၂၀၂၄ ခုနှစ် ဒီဇင်ဘာ ရက်မှ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၂၄ ရက်အထိ ရက်သတ္တပတ် ()ပတ်ကြာ ဖွင့်လှစ် သွားမည်ဖြစ်သည်။

 

ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ပြည်ထောင်စုအဆင့် MSME ထုတ်ကုန် ပြပွဲနှင့်ပြိုင်ပွဲကျင်းပမည့် တပေါင်းကွင်း၌  ဖွဲ့စည်းထားရှိသည့် ဆပ်ကော်မတီဥက္ကဋ္ဌများ၊ တာဝန်ရှိသူများနှင့်တွေ့ဆုံပြီး ပြည်ထောင်စု အဆင့်ကျင်းပပြုလုပ်မည့် အခမ်းအနားဖြစ်၍ ပြည်ထောင်စုအဆင့်နှင့်လျော်ညီသည့် အခမ်းအနားဖြစ်အောင် ဝိုင်းဝန်းကြိုးစားဆောင် ရွက်ရန်မှာကြားပြီး ဝန်ကြီးဌာနပြခန်းများ၊ ရိုးရာအစားအစာဆိုင်ခန်း၊ တိုင်းဒေသ ကြီးနှင့် ပြည်နယ်များမှ MSME ထုတ်ကုန်ပြခန်းများ၊ အသေးစားစက်မှုလုပ်ငန်းနှင့် ကုန်ထုတ် သမဝါယမ ပြခန်းများတည်ဆောက်ပြီးစီးမှု၊ MSME ထုတ်ကုန်ပစ္စည်းများ ခင်ကျင်းပြသရန် စီမံဆောင်ရွက်နေမှု အခြေအနေတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။

(သတင်းစဉ်)