ရန်ကုန် ၁၁ မတ်
မြန်မာ့စပါးအုံး အောင်လအန်ဆန်သည် မတ်လ ၃၁ ရက်တွင် ဂျပန်နိုင်ငံ တိုကျိုမြို့၌ ကျင်းပမည့် ONE: A NEW ERA ပြိုင်ပွဲတွင် ONE မစ်ဒယ်ဝိတ် ကမ္ဘာ့ချန်ပီယံခါးပတ်ကို KEN HASEGAWA နှင့်ယှဉ်ပြိုင်ထိုးသတ်သွားမည်ဖြစ်ရာ ၎င်းအနေဖြင့်ယင်းပွဲစဉ်အတွက်နှင့် ရှေ့ဆက်လုပ်ဆောင်သွားမည့် အကြောင်းအရာများကို မတ် ၈ ရက် နံနက်ပိုင်းက ရန်ကုန်မြို့ Rose Garden ဟိုတယ်၌မီဒီယာများနှင့်တွေ့ဆုံပြောကြားထားသည်များကိုကောက်နုတ်တင်ပြလိုက်ရပါသည်။ဟိုတယ်၌ မီဒီယာများနှင့် တွေ့ဆုံပြောကြားထားသည်များကို ကောက်နုတ်တင်ပြလိုက်ရပါသည်။
လာမယ့် ဂျပန်ပွဲအတွက် ဘာတွေပြင်ဆင်ထားသလဲ။
ဂျပန်ပွဲအတွက် ပြင်းပြင်းထန်ထန်ကျွန်တော် လေ့ကျင့်နေပါတယ်။ မြန်မာနိုင်ငံက ပရိသတ်တွေ ဂုဏ်ယူနိုင်အောင်ကြိုးစားမယ်။
ဂျပန်ပွဲအတွက် အချိန်ဘယ်လောက်လေ့ကျင့်မှုလုပ်ထားသလဲ။လေ့ကျင့်မှုလုပ်ထားသလဲ။
လေ့ကျင့်နေတာ နှစ်လကျော်ပြီ။ အိပ်ရာကနိုးလာတာနဲ့ လေ့ကျင့်မှုစလုပ်တယ်။ တစ်နေကုန် မအိပ်ခင်အချိန်အထိလုပ်တယ်။ တစ်ပတ်မှာ ခြောက်ရက်ကြိုးစားပါတယ်။ အကောင်းဆုံးပြင်ဆင်ထားတယ်။ ဒီပွဲမှာ အကောင်းဆုံးဖြစ်မယ်လို့ ကျွန်တော်ယုံကြည်တယ်။
ပြိုင်ဘက်အတွက်ရော ဘာတွေလေ့လာထားတာရှိသလဲ၊ဘယ်နှချီလေ့လာထားတာရှိသလဲ၊ ဘယ်နှချီလောက်နဲ့အနိုင်ယူကစားမလဲ။
ဒီပွဲက ပထမပွဲနဲ့ မတူပါဘူး။ ဒီပွဲအတွက် အကောင်းဆုံးပြင်ဆင်ထားတယ်။ ဒီပွဲမှာ ဝိတ်ကို ၁၀ ပေါင်လောက် ကြီးအော လုပ်ထားတယ်။ ပထမပွဲထက် ပိုကြီးမယ်၊ ပိုအားရှိမယ်။ ကျွန်တော့်ရဲ့ သက်လုံပိုင်း ကိုလည်း ကောင်းအောင်ကြိုးစားထားတယ်။ ပြိုင်ဘက်ကို ပွဲစစချင်းမှာ ဖိအားပေးမယ်။ နှစ်ချီ၊ သုံးချီအတွင်း နိုင်အောင်ကစားမယ်။
ဂျပန်ပွဲဟာ ကိုယ့်မြေမှာ မဟုတ်တဲ့အတွက်ဘယ်လိုခံစားရသလဲ။
ပရိသတ်အားပေးမှုကတော့ ဒီလောက်များမှာ မဟုတ်ဘူး။ ဘယ်မှာပဲဖြစ်ဖြစ်ပြိုင်ဘက်က တစ်ယောက်တည်းဖြစ်တဲ့အတွက် ကျွန်တော့်အတွက်တော့ စိတ်ထဲမှာ ဘာမှထူးခြားမှုတော့ မဖြစ်ပါဘူး။
အရင်က ကိုယ့်မြေမှာ ထိုးခဲ့ပြီး အခုဂျပန်မြေမှာထိုးသတ်ရမှာဆိုတော့ ပရိသတ်တွေရဲ့စိုးရိမ်ပူပန်မှုအပေါ် ဘာများပြောချင်သလဲ။
ကျွန်တော့်အမြင်ကတော့ ဂျပန်ပြည်မှာရှိတဲ့ မြန်မာတွေ လာရောက်အားပေး ကြမယ်လို့ ယုံကြည်တယ်။ မြန်မာပြည်မှာရှိတဲ့ မိသားစုတွေလည်း လာရောက်အားပေးကြမှာဆိုတော့ ကျွန်တော့်အနေနဲ ဘာမှစိုးရိမ်မှုတော့ မရှိပါဘူး။ အကောင်း ဆုံးပြင်ဆင်ပြီး အကောင်းဆုံးကစားပေးမှာ ဆိုတော့ ရလဒ်ကောင်းတွေ ထွက်လာလိမ့်မယ်လို့ ယုံကြည်ပါတယ်။
နောက်ပွဲအတွက်ရော ထိုးသတ်သွားဖို့ရှိလား။
လောလောဆယ်တော့ မစ်ဒယ်ဝိတ်ပဲပေါ့။ လိုက်ဟဲဗီးဝိတ်ကတော့ ထိုးဖို့ရှိပါတယ်။ အဲဒီပွဲကတော့ အောက်တိုဘာလ နောက်ပိုင်းမှာ ဖြစ်ဖို့များတယ်။ မြန်မာနိုင်ငံမှာ ဖြစ်ရင်တော့ ပိုကောင်းတာပေါ့။
ဝမ်းချန်ပီယံရှစ် ကစားသမားတွေ မွေးထုတ်ပေးဖို့အစီအစဉ်ရှိပါသလား။
ရှိပါတယ်။ လောလောဆယ်ကျွန်တော့်အနေနဲ့ ကမ္ဘာ့ချန်ပီယံအနေနဲ့ခါးပတ်ကို ထိန်းသိမ်းထားရမယ်။ လာမယ့်နှစ်တွေမှာ ကျွန်တော်အများကြီး ကစားရဦး မယ်။ ကစားတဲ့အချိန်မှာလည်း ပညာတွေရှာ နေတယ်။ အဲဒီ ပညာတွေကို နောက်လာမယ့်လူငယ်တွေကို ပြန်ပေးဖို့ ကျွန်တော့်မှာ အစီအစဉ်တွေ ရှိပါတယ်။
MMA လောကကနေ ဘယ်အသက်လောကကနေ ဘယ်အသက်အရွယ်လောက်မှာအနားယူဖို့ စဉ်းစားထားအရွယ်လောက်မှာ အနားယူဖို့ စဉ်းစားထားသလဲ။
နောက်ထပ် နှစ်နှစ်လောက်တော့ကစားဦးမယ်။ အများဆုံး သုံးနှစ်ပေါ့။ အဲဒါ ပြီးရင် ကျွန်တော့်ပညာတွေကို ကစားချင်တဲ့လူငယ်တွေကို ပြန်ဝေမျှမယ်။ မြန်မာနိုင်ငံက လူငယ်တွေကို ကျွန်တော့်ပညာတွေပြန်လည်ဝေမျှဖို့ အစီအစဉ်ရှိပါတယ်။ မြန်မာနိုင်ငံမှာ လာပြီးသင်ပေးမှာပါ။ အခြေ အနေပေါ်မူတည်ပြီး ရန်ကုန်မှာလုပ်ဖို့စဉ်းစားထားပါတယ်။ ကချင်တို့၊ မန္တလး တို့မှာလည်း လုပ်ဖို့ အစီအစဉ်ရှိပါတယ်။
သတင်းနှင့်ဓာတ်ပုံအေးမင်းသူ၊ ဇာနည်မောင်