လိပ်သို ၁၀ ဒီဇင်ဘာ
ကရင်ပြည်နယ် လိပ်သိုမြို့ ကျေးကတော့ကျေးရွာ၌ ကယန်းအမျိုးသား နှစ်သစ်ကူးနေ့ အထိမ်းအမှတ် ဖိတ်ခေါ်ဖလား ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲစဉ်ကို ဒီဇင်ဘာ ၉ ရက် မွန်းလွဲပိုင်းက ကျင်းပရာ ဗိုလ်လုပွဲစဉ်တွင် လိပ်သိုလူငယ်အသင်းက ကျေးကတော့မြို့သစ် အသင်းကို လေးဂိုး နှစ်ဂိုးဖြင့် အနိုင်ရရှိခဲ့ကြောင်း သိရသည်။
ပွဲစဉ်အပြီးတွင် ပထမဆုရရှိသူ လိပ်သိုလူငယ်အသင်းအား ကယန်းစာပေနှင့် ယဉ်ကျေးမှု ဗဟိုကော်မတီနာယက ဦးဂေဂေါ်ရီက လည်းကောင်း၊ ဒုတိယဆုရရှိသူ ကျေးကတော့မြို့သစ် လူငယ်အသင်းအား ကယန်းပြည်သစ်ပါတီ အမှတ်(၃)မြို့နယ်ဥက္ကဋ္ဌတို့က လည်းကောင်း ဆုများချီးမြှင့်ပေးခဲ့ကြကြောင်း သိရသည်။
လိပ်သို(ပြန်/ဆက်)