နေပြည်တော် အောက်တိုဘာ ၄

 

မန္တလေးတက္ကသိုလ် နှစ်(၁၀၀)ပြည့် ရာပြည့်သဘင် အထိမ်းအမှတ် ဂုဏ်ပြုညစာစားပွဲအခမ်း အနားကို ယနေ့ညပိုင်းတွင် မန္တလေးတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်ထောင်စုသမ္မတ မြန်မာ နိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ချီးမြှင့်သည်။

 

တက်ရောက်

အဆိုပါ ဂုဏ်ပြုညစာစားပွဲ အခမ်းအနားသို့ နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌနှင့်အတူ ဇနီး ဒေါ်ကြူကြူလှ၊ ကော်မရှင်အတွင်းရေးမှူး တွဲဖက် အမှုဆောင်ချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးနှင့်ဇနီး၊ ကော်မရှင် အဖွဲ့ဝင် ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်နှင့်ဇနီး၊ ပြည်ထောင်စု ဝန်ကြီးများနှင့်ဇနီးများ၊ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့် မြင့် တပ်မတော်အရာရှိကြီးများနှင့် ဇနီးများ၊ ပညာရှင်များ၊ ပါမောက္ခချုပ်များ၊ ဒုတိယ ပါမောက္ခချုပ် များ၊ ဆရာ ဆရာမများ၊ မြို့မိ မြို့ဖ များ၊ ကျောင်းသား ကျောင်းသူများနှင့် ကျောင်းသား ကျောင်းသူဟောင်းများ တက်ရောက်ကြသည်။

 

ဦးစွာ နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်း သာယာရေးကော်မရှင်ဥက္ကဋ္ဌ နှင့် ဇနီး၊ အဖွဲ့ဝင်များသည် ဂုဏ်ပြု ညစာစားပွဲ အခမ်းအနားကျင်းပ ပြုလုပ်မည့်နေရာသို့ ရောက်ရှိကြရာ တာဝန်ရှိသူများနှင့် ကျောင်းသား ကျောင်းသူဟောင်းများက ကြိုဆိုနှုတ်ဆက်ကြသည်။

 

ထို့နောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌနှင့်ဇနီး၊ အခမ်းအနား တက်ရောက်လာကြသူများသည် မန္တလေးတက္ကသိုလ် နှစ်(၁၀၀)ပြည့် ရာပြည့်သဘင် အထိမ်း အမှတ် ဂုဏ်ပြုညစာကို အတူတကွ သုံးဆောင်ကြသည်။

 

ဂုဏ်ပြုညစာ မသုံးဆောင်မီနှင့် သုံးဆောင်နေစဉ်အတွင်း မန္တလေးတက္ကသိုလ်၊ မန္တလေးအဝေးသင် တက္ကသိုလ်၊ မန္တလေးပညာရေး ဒီဂရီကောလိပ်၊ မိတ္ထီလာပညာရေး ကောလိပ်တို့မှ ကျောင်းသား ကျောင်းသူများ၊ ကျောင်းသား ကျောင်းသူဟောင်းများ၊ သာသနာ ရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန အမျိုးသားယဉ်ကျေးမှုနှင့် အနု ပညာတက္ကသိုလ် (မန္တလေး)မှ ကျောင်းသား ကျောင်းသူများက တေးသံသာများ၊ အကအလှများ ဖြင့် သီဆိုကပြဖျော်ဖြေကြသည်။

 

 

ပေးအပ်ချီးမြှင့်

ဂုဏ်ပြုညစာ သုံးဆောင်အပြီး တွင် သီဆိုတီးမှုတ်ဖျော်ဖြေခဲ့ကြသူများအား နိုင်ငံတော်ယာယီ သမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌနှင့်ဇနီးတို့က ဂုဏ်ပြုပန်းခြင်းနှင့် ဂုဏ်ပြု ဆုငွေများကို ပေးအပ်ချီးမြှင့်သည်။

 

ယင်းနောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌ နှင့် ဇနီးနှင့် အဖွဲ့ဝင်များသည် မြို့မတေးဂီတအဖွဲ့၏ ဖျော်ဖြေတင်ဆက်မှုကို ကြည့်ရှုအားပေးကြပြီး သီဆိုတီးမှုတ် ဖျော်ဖြေခဲ့ကြသူများအား နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်း သာယာရေးကော်မရှင် ဥက္ကဋ္ဌနှင့်ဇနီးတို့က ဂုဏ်ပြုပန်းခြင်းနှင့် ဂုဏ်ပြုချီးမြှင့်ငွေများပေးအပ် ခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်