၂၀ မတ်
မြန်မာနိုင်ငံတွင် ပထမဆုံးအကြိမ်အဖြစ် စတင်ထုတ်ဝေသည့် ဒေါက်တာမျိုးငြိမ်း အေး (ပို့ဆောင်ရေး)၏ Logistics ဆိုင်ရာ အဝေးကြည့်ဆောင်းပါးများ စာအုပ်ကို ယခုသီတင်းပတ်အတွင်း ကြယ်ပွင့်စာပေမှ စတင်ဖြန့်ချိလျက်ရှိကြောင်း သိရသည်။
မြန်မာ့စီးပွားရေး လုပ်ငန်းရှင်များ၊ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းလုပ်ကိုင်သူများ၊ လူငယ်စီးပွားရေးသမားများ၊ စွန့်ဦးတီထွင်လိုစိတ်ရှိသော မျိုးဆက်သစ် လူငယ်များအတွက် လေ့လာသင့်သော စာအုပ်တစ်အုပ်ဖြစ်ပြီး ထောက်ပံ့ ဖြည့်ဆည်းစီမံဆောင်ရွက်မှု (Logis-tics) နှင့် ထောက်ပံ့ဖြည့်ဆည်းမှု ကွင်းဆက် (Supply Chain) ကဏ္ဍ ဖြိုးတိုးတက်လာမှုကို ဤစာအုပ်တွင် စုစည်းရေးသားတင်ပြထားသည်။
အဆိုပါစာအုပ်တွင် အပိုင်းနှစ်ပိုင်းခွဲခြားထားပြီးအပိုင်း(က)တွင် ဖော်ပြထားသောဆောင်းပါး ခုနစ်ပုဒ်၌ မြန်မာ နိုင်ငံ၏ ထောက်ပံ့ဖြည့်ဆည်းစီမံ ဆောင်ရွက်မှုအညွှန်းကိန်း (Logistics Performance Index – LPI) အခြေအနေ၊ Key Performance Indicators (KPIs) အတွက် သတိ ပြုရန်အချက်များ၊ Liner Shipping Connectivity Index (LSCI) မိတ်ဆက်တူညီစွာ စုဖွဲ့ သယ်ယူပို့ဆောင်မှု စနစ်၊ လုပ်ငန်းဖြစ် မြောက်နိုင်စွမ်း လေ့လာမှု၊ လယ်ယာသီးနှံထုတ်ကုန်များ မြစ်ကြောင်းအသုံးပြု ပို့ဆောင်မှုနှင့် Logistics ကဏ္ဍ၊ သယ်ယူပို့ဆောင်ရေး ကဏ္ဍနှင့် Logistics ဆက်စပ်မှုအခြေအနေများကိုဖော်ပြထားသည်။
အပိုင်း (ခ)သည် စင်ကာပူနိုင်ငံ၏ ထောက်ပံ့ဖြည့်ဆည်းစီမံဆောင်ရွက်မှု နှင့် ထောက်ပံ့ဖြည့်ဆည်းမှုကွင်းဆက် ကဏ္ဍဖြိုးတိုးတက်လာမှုကို ဆောင်းပါးရှည်တစ်ပုဒ်အဖြစ် အခန်း ငါးခန်းခွဲကာ စုစည်းရေးသားတင်ပြထားသည်။
Logistics နှင့် Supply Chain ဆိုင်ရာ မြန်မာဘာသာဖြင့် ပြုစုထားသည့် စာအုပ်စာတမ်းများမှာ အတော်ပင်ရှားပါး လျက်ရှိရာ ဤစာအုပ်တွင် ပို့ဆောင်ရေး လုပ်ငန်းစဉ်များအတွက် အရေးကြီးသော အခန်းကဏ္ဍမှပါဝင်သည့် ထောက်ပံ့ ဖြည့်ဆည်း စီမံဆောင်ရွက်မှုနှင့် ထောက်ပံ့ဖြည့်ဆည်းမှု ကွင်းဆက် လုပ်ငန်းစဉ်များအတွက် ဗဟုသုတရဖွယ် အကြောင်းအရာများကို မြန်မာဘာသာ ဖြင့် ဖော်ပြထားရာ မြန်မာဘာသာဖြင့် လေ့လာလိုသူများအတွက် အဆင်ပြေ ချောမွေ့စေမည့် စာအုပ်ကောင်းတစ်အုပ် ဖြစ်သည်။
ထင်ပေါ်ဝင်း