ရွှေဘို ဇန်နဝါရီ ၁၈
စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုမြို့နယ်အားကစားနှင့် ကာယပညာဦးစီး ဌာနနှင့် KNT Armwrestling တို့ ပူးပေါင်းကျင်းပသော Armwrestling ပြိုင်ပွဲကို ယမန်နေ့နံနက်က ရွှေဘိုမြို့ ရန်ကြီးအောင် အားကစားခန်းမ၌ ကျင်းပသည်။
ရွှေဘိုမြို့၌ ပထမဆုံးအကြိမ်အဖြစ် ကျင်းပသော Armwrestling ပြိုင်ပွဲကို အမျိုးသား ၅၀ ကီလိုဂရမ်နှင့် အထက်နှင့် open အလေးချိန်လိုက် ခွဲခြားကျင်းပခဲ့ပြီး ပြိုင်ပွဲဝင် ၅၃ ဦး ပါဝင်ယှဉ်ပြိုင်ခဲ့သည်။ ပြိုင်ပွဲတစ်လျှောက်တွင် ပြိုင်ပွဲဝင်များအနေဖြင့် လက်တင်အား၊ ကိုယ်ခန္ဓာကြံ့ခိုင်မှုနှင့်နည်းစနစ်များကိုလည်း ပြသနိုင်ခဲ့ကြသည်။ ပြိုင်ပွဲတွင် အနိုင်ရရှိသူများအား ဆုတံဆိပ်၊ ဆုဖလားနှင့် ဂုဏ်ပြုဆုငွေများ ချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)


