နေပြည်တော်  ဇန်နဝါရီ  ၁၉

၂၀၂၆ ခုနှစ် ဖေဖော်ဝါရီ  ၁၅ ရက်တွင် ကျရောက်မည့် နှစ်(၈၀)ပြည့် မြန်မာ့အသံနှင့် ရုပ်မြင်သံကြား   နှစ်ပတ်လည်နေ့   အထိမ်းအမှတ် အမျိုးသမီးဘတ်စကက်ဘောပြိုင်ပွဲ ဗိုလ်လုပွဲကို ယနေ့ ညနေပိုင်းက နေပြည်တော် တပ်ကုန်းမြို့ရှိ   MRTV   ဘတ်စကက်ဘော အားကစားကွင်း၌ ကျင်းပသည်။ 

ဦးစွာ   မြန်မာ့အသံနှင့်ရုပ်မြင်သံကြား ညွှန်ကြားရေးမှူချုပ်  ဦးရဲနိုင်က  ပြိုင်ပွဲဝင်အသင်းများအား   ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်၍ အားပေးသည်။ ထို့နောက် အမျိုးသမီးဘတ်စကက်ဘောပြိုင်ပွဲ ဗိုလ်လုပွဲစဉ်ကို စက်မှုဌာနခွဲအသင်းနှင့် တိုင်းရင်းသားလူမျိုးများရုပ်သံလိုင်း(NRC)အသင်းတို့   ယှဉ်ပြိုင်ကစားကြရာ စက်မှုဌာနခွဲအသင်းက  ၂၆  မှတ်နှင့်  ၂၂ မှတ်တို့ဖြင့် အနိုင်ရဗိုလ်စွဲသည်။

ဆက်လက်၍ ဆုပေးပွဲအခမ်းအနားကျင်းပရာ နှစ်သိမ့်ဆုရရှိသည့် အသံလွှင့်ဌာနခွဲ အမျိုးသမီးဘတ်စကက်ဘောအသင်းအား ညွှန်ကြားရေးမှူး (စီမံ)က လည်းကောင်း၊ တတိယဆုရရှိသည့်  စီမံခန့်ခွဲရေးဌာနခွဲ အမျိုးသမီး ဘတ်စကက်ဘောအသင်းအား ဒုတိယညွှန်ကြားရေးမှူးချုပ်(စီမံ)က လည်းကောင်း၊ ဒုတိယဆုရရှိသည့် NRC အမျိုးသမီးဘတ်စကတ်ဘောအသင်းအား ဒုတိယညွှန်ကြားရေးမှူးချုပ် (EIC)ကလည်းကောင်း၊   ပထမဆုရရှိသည့် စက်မှုဌာနခွဲ    အမျိုးသမီးဘတ်စကက်ဘော အသင်းအား ညွှန်ကြားရေးမှူးချုပ်ကလည်းကောင်း ဆုများပေးအပ်ချီးမြှင့်ကြသည်။ ယင်းနောက် ညွှန်ကြားရေးမှူးချုပ်က အမျိုးသမီးဘတ်စကက်ဘောပြိုင်ပွဲတွင် နည်းပြနှင့် ဒိုင်အဖြစ် ပါဝင်ကူညီဆောင်ရွက်ပေးခဲ့ကြသူများအား  ဂုဏ်ပြုချီးမြှင့်ငွေနှင့် အမှတ်တရလက်ဆောင်များ ပေးအပ်သည်။

နှစ်(၈၀)ပြည့်  မြန်မာ့အသံနှင့် ရုပ်မြင်သံကြား   နှစ်ပတ်လည်နေ့အထိမ်းအမှတ် အမျိုးသမီးဘတ်စကက်ဘောပြိုင်ပွဲကို ဝန်ထမ်းများ ကျန်းမာကြံ့ခိုင်မှုရှိစေရန်နှင့်  စည်းလုံးညီညွတ်မှုရှိစေရန် ရည်ရွယ်ချက်ဖြင့် အသင်းငါးသင်းစုဖွဲ့ပြီး  ဇန်နဝါရီ  ၉  ရက်မှစတင်၍ ပတ်လည်စနစ်ဖြင့် ယှဉ်ပြိုင်ကစားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။        

မြန်မာ့အလင်း