၂၀၂၃ ခုနှစ် မေလ ၁၄ ရက်နေ့က တိုက်ခတ်ခဲ့သည့် အလွန့်အလွန်အားကောင်းသော ဆိုင်ကလုန်းမိုခါ (MOCHA) မုန်တိုင်းဒဏ်သင့် ရခိုင်ပြည်နယ် စစ်တွေမြို့နယ်၌ နေထိုင်သူများအတွက် ထိုစဉ်က နိုင်ငံတော်က ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့မှုအခြေအနေနှင့် စပ်လျဉ်း၍ စစ်တွေမြို့နယ် ဒါးပိုင် (ဘင်္ဂါလီ)ကျေးရွာတွင် နေထိုင်သူများ၏ စကားသံများကို ဖော်ပြလိုက်ရပါသည် -
ဒေါ်ဖြူဖြူသန့် (ခေါ်) ရော်ဇယာ
ဒါးပိုင်ကျေးရွာ စစ်တွေမြို့နယ်
ကျွန်မက ဒါးပိုင်မှာနေတာ နှစ်ပေါင်းနှစ်ဆယ်ကျော်လောက် ရှိပါပြီ။ အိမ်ထောင်ရှိပါတယ်။ ကလေးက ငါးယောက်ရှိပါတယ်။ အမျိုးသားက ကျပန်းပဲ လုပ်တာပါ။ မိုခါမုန်တိုင်း မဖြစ်ခင်အချိန်က အဖွဲ့အစည်းတွေက ရွာမှာ ကြေညာပေးပါတယ်။ လုံခြုံတဲ့နေရာမှာ နေဖို့ပါ။ ရေတွေတက်မှာ၊ အကာအကွယ်လုပ်ရမှာ၊ ကလေးတွေကို ထိန်းခိုင်းပေးရမှာဆိုပြီး ဆိုင်ကလုန်းစင်တာမှာ သွားထိန်းခိုင်းပါတယ်။ တချို့တွေကတော့ မယုံဘူး၊ မဖြစ်နိုင်ဘူးထင်ပြီးတော့ တချို့တွေက မထည့်ဘူး။ တချို့ က ကြောက်ပြီးတော့ ထည့်ပါတယ် ။ ကျွန်မတို့ သဲချောင်းက ရခိုင်ရွာမှာ သဲချောင်းဆိုင်ကလုန်းစင်တာ ဆောက်ခဲ့တာရှိပါတယ်။ အဲဒီထဲမှာပဲစုပြီး သွားနေကြတယ်။ ထမင်းတွေဘာတွေလည်း လိုချင်ရင်ပေးပါတယ်။ သူတို့ကို စိတ်ချလက်ချ ရှိအောင်ပါ။ ငွေတွေ၊ ဘာတွေ အထောက်အပံ့ပေးတာကိုလည်း ကျွန်မတွေ့ခဲ့ပါတယ်။
မိုခါ မုန်တိုင်းတိုက်ပြီးတဲ့အချိန်မှာ ရွာတစ်ရွာက လူအချို့ ထွက်လို့ မရတော့ဘူး။ အဲဒါကြောင့် အသက်တွေ ဆုံးခဲ့တာပါ။ ကမ်းပိုင်းအနီးမှာ ရွာတွေလည်း ရှိတယ်။ တချို့အမျိုးသားတွေက အိမ်က မထွက်ဘူး။ မထွက်တော့ သူတို့အတိုင်းပဲ ကလေးတွေလည်း ထိခိုက်ရတယ်။ အမျိုးသမီးတွေလည်း ထိခိုက်ရတာ ရှိတယ်။ တစ်အိမ်မှာ သုံးလေးယောက်တော့ ဆုံးသွားတာ ရှိပါတယ်။ ဒါပေမဲ့ ကျွန်မတို့ရွာမှာ စုစုပေါင်း ၄၅ ယောက်ပဲ ထိခိုက်သွားတယ်။ အများကြီးတော့ မထိခိုက်ပါဘူး။ အဲဒီထဲမှာ ၂၅ ယောက်ပဲ အသက်ဆုံးသွားတာ တွေ့ရပါတယ်။ အစိုးရက စားနပ်ရိက္ခာတွေပေးတယ်၊ ပြီးတော့ အိုးခွက်တွေ၊ အဝတ်တွေ၊ ပုဆိုးတွေ အကုန်လုံးပေးပြီး လုံလုံခြုံခြုံထားပါတယ်။ မိုးကာစတွေ ပေးပါတယ်။ တစ်ယောက်ကိုတစ်စ အကုန်လုံး ပေးခဲ့ပါတယ်။ အဲဒါတွေပေးပြီးတော့ သူတို့ပြန်သွားတယ်။ အဖွဲ့အစည်းတွေက ရွာတွေအထိလာပြီး လိုအပ်တဲ့ ပစ္စည်းကို စာရင်းတွေကောက်တယ်။
ကျန်းမာရေးနဲ့ ပတ်သက်ပြီးတော့ လိုအပ်တာကို အကုန်လုံး စာရင်းကောက်ပြီးတော့ အားပေး စကားပြောခဲ့တယ်။ အလုပ်အကိုင်ကတော့ အဆင်မပြေသေးဘူး။ ထောက်ပံ့မှုက ရွာသားတွေကို အကုန်လုံးပေးတာ မဟုတ်ဘဲ အဓိက ဆင်းရဲသားတွေ၊ မတတ်နိုင် တဲ့လူတွေကိုပဲ ထောက်ပံ့ပေးတာပါ။ စားနပ်ရိက္ခာ ဆန်၊ ရေတွေ၊ ဆေးတွေ ပါပါတယ်။ အဖွဲ့အစည်းကလည်း ပေးပါတယ်။ အစိုးရကလည်း ပေးပါတယ်။ စားဝတ်နေရေးအနေနဲ့ ကျွန်မတစ်ယောက်တည်း မဟုတ်ပါဘူး၊ ရွာသား အကုန်လုံးပါပဲ။
ဦးကာဆိမ်း
ဒါးပိုင်ကျေးရွာ စစ်တွေမြို့နယ်
ကျွန်တော်က ဒါးပိုင်မှာမွေးပြီး ဒါးပိုင်မှာပဲ ကြီးတာပါ။ အသက်က ၆၃ နှစ်ရှိပါပြီ။ ဒါးပိုင် ဇာတိပါ။ အိမ်ထောင်ရှိပါတယ်။ ကလေးငါးယောက်ရှိပါတယ်။ အလုပ်က ရေလုပ်ငန်း လုပ်ပါတယ်။ ပင်လယ် မှာ ငါးဖမ်းတာ လုပ်ပါတယ်။ မိုခါမုန်တိုင်း ကျရောက်ခါနီးမှာ အစိုးရကလာပြီး မုန်တိုင်းကြီး ကျရောက် ဖို့ရှိတယ်လို့ ခဏခဏလာပြောတယ်။ NGO ကလည်း လာပြောတယ်။ မိုခါမုန်တိုင်းကျမယ်။ နောက်တော့ အကြီးအကျယ်ကျတာပါ။ ကျွန်တော်တို့ကို ဆိုင်ကလုန်းစင်တာမှာ သွားနေဖို့ ခဏခဏ ပြောတာရှိပါတယ်။ မကြောက်တဲ့သူတွေက ဒီမှာ နေကြတယ်။ ကြောက်တဲ့သူတွေက ဟိုမှာသွားနေတယ်။
ကျွန်တော်တို့ မိသားစုက သွားမနေဘူး။ တခြားမိသားစုတွေက သွားနေပါတယ်။ ကျွန်တော် တို့က ကျွန်တော်တို့ အိမ်မှာပဲနေတယ်။ မိုခါမုန်တိုင်းမှာ သွားနေတဲ့သူတွေကို မုန်တိုင်းမိတော့ ထမင်းတွေ လာကျွေးတယ်။ အချိုရည်တွေလည်း ပေးပါတယ်။ ကျွန်တော်တို့ရွာ မိုခါမုန်တိုင်း ကြောင့် ပျက်စီးတာများပါတယ်။ ကျွန်တော်တို့ရွာက လူများတယ်။ ဆန်တို့၊ ဆီတို့၊ ဆေးတို့ ထောက်ပံ့ တာရှိတယ်။ ပိုက်ဆံလည်း ပါပါတယ်။ မုန်တိုင်းကြောင့် ပျက်စီးသွားတဲ့သူတွေကို ထောက်ပံ့ပေးပါတယ်။ ရွာကို အစိုးရကလာပြီး ရှင်းလင်းပေးတယ်။ ကိုယ့်ရွာမှာ ကိုယ်တိုင်လည်း ရှင်းကြပါတယ်။ သဲချောင်းတံတား အခြေအနေက ပျက်စီးသွားတော့ လူတွေသွားလို့ လာလို့မရဘူး။ မရတော့ အစိုးရက ချက်ချင်းလာရောက်ပြီးတော့ လုပ်ပေးတဲ့ အတွက်ကြောင့် တစ်ရက်နှစ်ရက်အတွင်း သွားလို့လာလို့ ရသွားပါတယ်။
သတင်းအဖွဲ့


