အဲလက်စ်အောက်စ်လိတ်ချိန်ဘာလိန်သည် စကော့တလန်ကလပ် ဆဲလ်တစ်အသင်းသို့ ပြောင်းရွှေ့သွားပြီဖြစ်သည်။ အာဆင်နယ်နှင့် လီဗာပူးကွင်းလယ်ကစားသမားဟောင်း ချိန်ဘာလိန်သည် ဩဂုတ်လတွင် တူကီယဲကလပ် ဘီဆစ်တပ်စ်အသင်းမှ ထွက်ခွာပြီးနောက် အသင်းလက်မဲ့နေသူ ဖြစ်သည်။ ဆဲလ်တစ်အသင်းသည် စကော့တလန်လိဂ်တွင် ၂၄ ပွဲ ကစားပြီး ၄၈ မှတ် စုဆောင်းရရှိထားသည်။
မိုးဇက်


