မော်စကို    ဖေဖော်ဝါရီ   ၁၈

၂၀၂၅    ခုနှစ်အတွင်း ရုရှားနိုင်ငံသို့လာရောက်လည်ပတ်သည့် နိုင်ငံခြားသား ခရီးသွားအရေအတွက်သည် ၄ ဒသမ ၈  သန်းအထိရှိခဲ့ကြောင်း  ရုရှားဒုတိယဝန်ကြီးချုပ် ဒီမီထရီချာနီရှန်ကိုက ယမန်နေ့တွင် ပြောကြားခဲ့သည်။

လာရောက်လည်ပတ်

ပြည်တွင်းခရီးသွားလုပ်ငန်း သိသိသာသာတိုးတက်လာကြောင်းနှင့် ရုရှားနိုင်ငံသို့ နိုင်ငံခြားသား ခရီးသွား ၄ ဒသမ ၈ သန်းခန့် လာရောက်လည်ပတ်ခဲ့ကြောင်း ၎င်းကပြောကြားသည်။

အဆိုပါအရေအတွက်သည် ၂၀၂၄ ခုနှစ်ကာလနှင့် နှိုင်းယှဉ်ပါက ၁၅ ရာခိုင်နှုန်း တိုးတက်လာကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

၂၀၂၅ ခုနှစ်တွင် ရုရှားနိုင်ငံ၏ အဓိက ခရီးသွားထိပ်တန်းစာရင်းဝင်နိုင်ငံ ငါးနိုင်ငံမှာ  တရုတ်၊  ဆော်ဒီအာရေဗျ၊ တာ့ခ်မင်နစ္စတန်၊ တူကီယဲနှင့်   ဂျာမနီတို့ဖြစ်ကြောင်း ရုရှားနိုင်ငံခရီးသွား လုပ်ငန်းရှင်များအသင်းက မှတ်ချက်ပြုပြောကြားသည်။

ပြောကြား

၂၀၂၅ - ၂၀၂၆ ဆောင်းရာသီ ခရီးသွားရာသီအတွက် ၂၀၂၅ ခုနှစ်  နိုဝင်ဘာလမှ  ၂၀၂၆   ခုနှစ်  မတ်လအထိ ရုရှားနိုင်ငံတစ်ဝန်း ခရီးသွားစုစုပေါင်း  ၃၃  ဒသမ  ၇  သန်းအထိ တိုးတက်လာဖွယ်ရှိကြောင်း    ရုရှားနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များအသင်းက ခန့်မှန်းပြောကြားသည်။

ကိုးကား - ဆင်ဟွာ

ဘာသာပြန် - အောင်ကျော်ကျော်