ချန်ပီယံလိဂ် ၁၆ သင်းအဆင့်ဝင်ခွင့် play-offs ပထမအကျော့ ပွဲစဉ်တွေကို ဖေဖော်ဝါရီ ၁၈ ရက် နံနက်ပိုင်းက ယှဉ်ပြိုင်ကစားခဲ့ရာ ဂါလာတာစာရေးအသင်း၊ ရီးယဲလ်မက်ဒရစ်အသင်း၊ ပီအက်စ်ဂျီအသင်းနဲ့ ဒေါ့မွန်အသင်းတို့ နိုင်ပွဲကိုယ်စီရရှိခဲ့ပါတယ်။
လက်ရှိအချိန်မှာ အမှတ်ပေးဇယားထိပ်ဆုံးက ရပ်တည်နေတဲ့ အသင်းရှစ်သင်းကတော့ ချန်ပီယံ လိဂ် ၁၆ သင်းအဆင့်ကို တိုက်ရိုက်ဝင်ခွင့်ရရှိထားပြီး အဆင့် ၉ ကနေ အဆင့် ၂၄ အထိ အသင်း တွေကတော့ play-offs ကစားနေရတာဖြစ်ပါတယ်။
ဂါလာတာစာရေးအသင်းဟာ ဂျူဗင်တပ်အသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့ရာမှာ ဂါလာတာစာရေးအသင်းက ငါးဂိုး-နှစ်ဂိုး ဖြင့် အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။
အဲဒီပွဲစဉ်မှာ ဂါလာတာစာရေးအသင်းအတွက် သွင်းဂိုးတွေကို ဂါဘရီယယ်ဆာရာကတစ်ဂိုး၊ နိုရာလန်းက နှစ်ဂိုး၊ ဒီဗင်ဆင်ဆန်းချက်ဇ်ကတစ်ဂိုး၊ ဆာရာဘိုရေးက တစ်ဂိုးသွင်းယူပေးခဲ့တာဖြစ်ပြီး ဂျူဗင်တပ်အသင်းအတွက် ချေပဂိုး နှစ်ဂိုးကို ကူမီနာက သွင်းယူပေးခဲ့တာဖြစ်ပါတယ်။
ဘင်ဖီကာအသင်းနဲ့ ရီးယဲလ်မက်ဒရစ်အသင်း တို့ပွဲစဉ်မှာတော့ ရီးယဲလ်မက်ဒရစ်အသင်းက ဒုတိယပိုင်းပွဲကစားချိန် မိနစ် ၅၀ မှာ ရရှိခဲ့တဲ့ ဗီနီစီးယပ်ဂျူနီယာရဲ့ တစ်လုံးတည်းသော သွင်းဂိုးနဲ့ အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။
လက်ရှိချန်ပီယံလိဂ်ချန်ပီယံ ပီအက်စ်ဂျီအသင်းကတော့ မိုနာကိုအသင်းကို ဦးဆောင်ဂိုး နှစ်ဂိုး ခွင့်ပြုပေးခဲ့ရပြီးမှ ဒဇိုင်းယားဒိုအူးရဲ့ သွင်းဂိုးနှစ်ဂိုးနဲ့ ဟာကီမီရဲ့ သွင်းဂိုးတစ်ဂိုးရရှိခဲ့လို့ ပီအက်စ်ဂျီအသင်းက အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။
ဒေါ့မွန်အသင်းနဲ့ အတ္တလန္တာအသင်းတို့ ပွဲစဉ်မှာတော့ ဒေါ့မွန်အသင်းက နှစ်ဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့ပါတယ်။ အဲဒီပွဲစဉ်မှာ ဒေါ့မွန်အသင်းအတွက် သွင်းဂိုးတွေကို ဂွီရက်ဆိုင်းနဲ့ မက်ဇီမီလီ ယန်ဘေယာတို့က တစ်ဂိုးစီသွင်းယူပေးခဲ့တဲ့ဖြစ်ပြီး ချန်ပီယံလိဂ် play-offs ဒုတိယအကျော့ပွဲစဉ်တွေကို ဖေဖော်ဝါရီ ၂၅ ရက်မှာ ယှဉ်ပြိုင်ကစားမှာလည်း ဖြစ်ပါတယ်။
ငွေကြယ်


