ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ဝင်ခွင့်အတွက် play-offs ပထမအကျော့ပွဲစဉ်တွေကို ဖေဖော်ဝါရီ ၁၉ ရက်နံနက်ပိုင်းက ယှဉ်ပြိုင်ကစားခဲ့ရာ နယူးကာဆယ်အသင်းက ဂိုးပြတ်နိုင်ပွဲရရှိခဲ့ပြီး အင်တာမီလန်အသင်းကတော့ ရှုံးပွဲကြုံတွေ့ခဲ့ပါတယ်။
နယူးကာဆယ်အသင်းဟာ ကာရာဘတ်အသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့ရပြီး ကာရာဘတ်အသင်းကို ခြောက်ဂိုး-တစ်ဂိုးနဲ့ အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။
အဲဒီပွဲစဉ်မှာ နယူးကာဆယ်အသင်းအတွက် သွင်းဂိုးတွေကို ဂေါ်ဒွန်က လေးဂိုး၊ မာလစ်သီယောက တစ်ဂိုး၊ ဂျာကော့မာဖိုင်းက တစ်ဂိုး အသီးသီးသွင်းယူပေးခဲ့တာဖြစ်ပါတယ်။ ကာရာဘတ်အသင်းအတွက် ချေပဂိုးတစ်ဂိုးကိုတော့ ကာဖာကူလီယက်က သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။
နယူးကာဆယ်အသင်းဟာ ကာရာဘတ်အသင်းရဲ့ အိမ်ကွင်းမှာ ခြောက်ဂိုး-တစ်ဂိုးနဲ့ ဂိုးပြတ်အနိုင်ရရှိခဲ့တာကြောင့် ချန်ပီယံလိဂ် ၁၆ သင်းအဆင့် တက်လှမ်းဖို့ သေချာနေပြီဖြစ်ပါတယ်။
အင်တာမီလန်အသင်းကတော့ ဘိုဒိုအသင်းကို သုံးဂိုး-တစ်ဂိုးနဲ့ ရှုံးနိမ့်ခဲ့တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့လကလည်း ပရီမီယာလိဂ်ကလပ်မန်စီးတီးအသင်းနဲ့ လာလီဂါကလပ် အက်သလက်တီကို မက်ဒရစ်အသင်းတို့ကိုလည်း အနိုင်ရရှိအောင် ကစားနိုင်ခဲ့တာဖြစ်ပါတယ်။
အခြားသော ချန်ပီယံလိဂ် ၁၆ သင်းအဆင့်ဝင်ခွင့် play-offs ပွဲစဉ်တွေမှာတော့ ကလပ်ဘရုဂ်ျအသင်းနဲ့ အက်သလက်တီကိုမက်ဒရစ်အသင်းတို့ပွဲစဉ်မှာ တစ်ဖက်နှစ်ဂိုးစီ သရေရလဒ်ထွက်ပေါ်ခဲ့ပြီး လေဗာကူဆင်အသင်းနဲ့ အိုလံပီယာကို့စ်အသင်းတို့ပွဲစဉ်မှာ လေဗာကူဆင်အသင်းက နှစ်ဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။
ငွေကြယ်


