ရန်ကုန် ဖေဖော်ဝါရီ ၂၀

 

ဂျပန်နိုင်ငံသို့ သွားရောက်ပညာသင်ကြားလိုသူများအတွက် အခွင့်အလမ်းများရရှိနိုင်သော SEMINAR ကို  ဖေဖော်ဝါရီ ၂၁ ရက်နှင့် ၂၂ ရက်တို့တွင် ရန်ကုန်မြို့ ကမာရွတ်မြို့နယ် လှည်းတန်းလမ်းဆုံ မီးပွိုင့်အနီးရှိ  M-Tower (၁၈)လွှာ၌  နံနက် ၁၀ နာရီမှ မွန်းလွဲ ၃ နာရီအထိ ဂျပန် ပညာရေးပြပွဲကို ကျင်းပမည်ဖြစ်ရာ ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများ၊ လူငယ်များနှင့်စိတ်ပါဝင်စားသူများ အခမဲ့တက်ရောက်နိုင်ကြောင်း သိရသည်။

 

ပညာတော်သင် ထောက်ပံ့ကြေးရယူလိုသည့် ကျောင်းသား ကျောင်းသူများအတွက် MAJA နှင့် MJC အဖွဲ့အစည်းတို့က နှစ်စဉ် ပေးအပ်လေ့ရှိသော Scholarship Program များ၊ စာပေပြိုင်ပွဲများကိုလည်း ပြပွဲတွင် လာရောက်ပြောကြားပေးမည်ဖြစ်သည်။

 

ဂျပန်နိုင်ငံသို့ သွားရောက်ပညာသင်ကြားလိုသည့် ကျောင်းသား ကျောင်းသူများအတွက် ဆွေးနွေးတိုင်ပင်ခြင်းများ ပြုလုပ်နိုင်ပြီး ဂျပန် ပညာရေးပွဲတွင်ပါဝင်သည့် ကျောင်းများမှလည်း တစ်နှစ်စာ ကုန်ကျစရိတ်နှင့် အတူ သင်ကြားနိုင်မည့် ဘာသာရပ်များကို ရှင်းပြပေးသွားမည်ဖြစ်သည်။

 

ဂျပန်ပညာရေးပြပွဲတွင် ဂျပန်နိုင်ငံရှိတက္ကသိုလ်အားလုံးနှင့် ပတ်သက်သည့် အချက်အလက်များကိုလည်း မေးမြန်းဆွေးနွေးနိုင်ကြောင်း သိရသည်။

 

မျိုးမင်းသူရ