ဖေဖော်ဝါရီ ၂၂ ရက်ညပိုင်းက ယှဉ်ပြိုင်ကစားခဲ့တဲ့ နော်တင်ဟမ်ဖောရက်အသင်းနဲ့ လီဗာပူးအသင်းတို့ပွဲစဉ်မှာ လီဗာပူးအသင်းက တစ်ဂိုး-ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့ပါတယ်။
အဲဒီပွဲစဉ်မှာ လီဗာပူးအသင်းက သာမန်ပွဲကစားချိန် မိနစ် ၉၀ အပြီး နာကျင်အချိန် ၇ မိနစ်မှာ သွင်းယူခဲ့တဲ့ မက်အဲလစ်စတာရဲ့ တစ်လုံးတည်းသော သွင်းဂိုးနဲ့ နော်တင်ဟမ်ဖောရက်စ်အသင်းကို အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။
လီဗာပူးအသင်းဟာ နော်တင်ဟမ်ဖောရက်စ်အသင်းကို အနိုင်ရရှိခဲ့တာကြောင့် ပရီမီယာလိဂ်ပွဲစဉ် (၂၇) ယှဉ်ပြိုင်ကစားပြီးချိန်မှာ ရမှတ် ၄၅ မှတ်နဲ့ အမှတ်ပေးဇယားအဆင့်(၆)နေရာမှာ ဆက်လက်ရပ်တည်နေတာ ဖြစ်ပါတယ်။
နော်တင်ဟမ်အသင်းကတော့ လီဗာပူးအသင်းကို ရှုံးနိမ့်ခဲ့တာကြောင့် ပရီမီယာအမှတ်ပေးဇယား အဆင့်(၁၇)နေရာမှာ ရပ်တည်နေတာဖြစ်ပါတယ်။
ငွေကြယ် - ရေးသားသည်


