ကာတာအိုးပင်းအမျိုးသားတစ်ဦးချင်းပြိုင်ပွဲ နောက်ဆုံးဗိုလ်လုပွဲအဖြစ် ဖေဖော်ဝါရီ ၂၂ ရက်က စပိန်တင်းနစ်အကျော်အမော် ကားလို့စ်အယ်ကာရက်ဇ်နှင့် ပြင်သစ်တင်းနစ်အကျော်အမော် အာသာဖေးလ်တို့ပွဲစဉ်တွင် ကားလို့စ်အယ်ကာရက်ဇ်က ၆-၂၊ ၆-၁ ရလဒ် ဖြင့် နိုင်ပွဲရရှိကာ ဖလားဆွတ်ခူးနိုင်ခဲ့သည်။
အသက် ၂၂ နှစ်အရွယ် အယ်ကာရက်ဇ်သည် ပြီးခဲ့သည့် ဩစတြေးလျအိုးပင်းပြိုင်ပွဲ နောက်ဆုံးဗိုလ်လုပွဲတွင်လည်း ဆားဘီးယားတင်းနစ်ကစားသမား ဂျိုကိုဗစ်ကို အနိုင်ယူကျော်ဖြတ်ကာ ဖလားဆွတ်ခူးထားသည်။ ထို့ကြောင့် အယ်ကာရက်ဇ်သည် ဩစတြေးလျအိုးပင်းဖလား ဆွတ်ခူးပြီး ရက် ၂၀ အကြာတွင် နောက်ထပ်ဆုဖလားတစ်လုံး ဆွတ်ခူးနိုင်ခဲ့ ခြင်းဖြစ်သည်။
ကမ္ဘာ့အဆင့်(၂) ရှိ အီတလီနာမည်ကျော်တင်းနစ်ကစားသမား ဂျန်းနစ်ခ်ဆင်းနားသည် ကွာတားဖိုင်နယ်တွင် ပြိုင်ဘက် မန်းဆစ်ခ်ကို ရှုံးနိမ့်ခဲ့သည့်အတွက် နောက်တစ်ဆင့်တက်လှမ်းနိုင်ခြင်း မရှိခဲ့ပေ။
မိုးဇက်


