အင်္ဂပူ မတ် ၂
အင်္ဂပူမြို့နယ်အတွင်းရှိ နန်ကသူရေလှောင်တမံမှ နွေစပါးနှင့်အခြားသီးနှံ စိုက်ပျိုးနိုင်ရေးအတွက် နန်ကသူဆည်ရေသောက်စနစ်မှ စိုက်ပျိုးရေများ လုံလောက်စွာ ပေးဝေလျက်ရှိကြောင်း မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ သိရသည်။
မြို့နယ်ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနအနေဖြင့် တောင်သူများ နွေစပါးနှင့် အခြားသီးနှံ စိုက်ပျိုးနိုင်ရေးအတွက် နန်ကသူရေလှောင်တမံ ဆည်ရေသောက်စနစ်ရှိ ရေပေးမြောင်းများမှတစ်ဆင့် လယ်ယာမြေများနှင့် စိုက်ခင်းများသို့ ဇန်နဝါရီ ၁ ရက်မှစတင်၍ ရေပေးဝေလျက်ရှိသည်။
အင်္ဂပူမြို့နယ်အတွင်း နွေစပါးဧက ၅၂၀၀ နှင့် အခြားသီးနှံ ၈၃၉၈ ဧက စုစုပေါင်း ၁၃၅၉၈ ဧကကို စိုက်ပျိုးရေလုံလောက်စွာပေးဝေနိုင်သည့်အတွက် တောင်သူများ သီးနှံများအချိန်မီ စိုက်ပျိုးနိုင်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)


