ညောင်လေးပင် မတ် ၄

 

ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်မြို့နယ် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် မြို့နယ်ဂုဏ်ဆောင် လူရည်ချွန် မောင်မယ်များအား ဂုဏ်ပြုဆု ချီးမြှင့်ပွဲကို ယနေ့နံနက်ပိုင်းက အထက( ၁) ညောင်လေးပင် ပညာ့ဂုဏ်ရည် ခန်းမ၌ ကျင်းပသည်။

 

ဦးစွာ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေး ကော်မတီအဖွဲ့ဝင် ဦးလှမြင့်က အမှာစကား ပြောကြားပြီး ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာသန့်ဇော်လွင်၊ ညောင်လေးပင် ခရိုင်ပညာရေးမှူး၊ ခရိုင်တာဝန်ခံ ဆရာမကြီး ဒေါ်မြင့်မြင့်တို့က ဂုဏ်ပြုအမှာစကားများ  ပြောကြားကြသည်။ ဆက်လက်၍ လူရည်ချွန်များ ဂုဏ်ပြုအလှူရှင် ဦးစိုးဝင်း (ရွှေနန်းတော်ဝင် စိန်ရွှေရတနာဆိုင်) က လူရည်ချွန်များအား ဂုဏ်ပြုရခြင်း ရည်ရွယ်ချက်နှင့် မြို့နယ်ဂုဏ်ဆောင် လူရည်ချွန်များ ထပ်မံပေါ်ထွန်းလာစေရေးအတွက် ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများအား ခွန်အားပေးစကားများ ပြောကြားပြီး မြို့နယ်ဂုဏ်ဆောင် လူရည်ချွန် မောင်မယ်များအား ဂုဏ်ပြုလွှာများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

 

နေလင်း(ညောင်လေးပင်)