အုတ်တွင်း မတ် ၄

 

ပဲခူးတိုင်းဒေသကြီး အုတ်တွင်းမြို့နယ်အတွင်း အသက်တစ်နှစ်ခွဲ အောက်ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန် ကာကွယ်ဆေးထိုးနှံပေးခြင်းကို ယမန်နေ့နံနက်ပိုင်းက စျေးရပ်ကွက်ရှိ ဘုန်းတော်ကြီးကျောင်းဝင်း၌ ထိုးနှံပေးသည်။

 

ပုံမှန်ကာကွယ်ဆေးထိုးနှံပေးရာတွင် မြို့နယ်မိခင်နှင့်ကလေး ကျန်းမာရေးဌာနမှ သားဖွားဆရာမ ဒေါ်နှင်းယမုံဝေ ဦးဆောင်၍ ကျန်းမာရေးဝန်ထမ်းများက ကလေးငယ်များအား ပေါင်ချိန်တိုင်းခြင်း၊ ကိုယ်အပူချိန်တိုင်းခြင်း၊ ဆုံဆို့နာ၊ ကြက်ညှာချောင်းဆိုး၊ မေးခိုင်ရောဂါ၊ အသည်းရောင်အသားဝါ(ဘီ)၊ ဦးနှောက်အမြှေးရောင်ရောဂါ စသည့် ငါးမျိုးစပ် ကာကွယ်ဆေး၊ ဂျပန်ဦးနှောက်ရောင်ရောဂါ ကာကွယ်ဆေး၊ ဝက်သက်-ဂျိုက်သိုး ရောဂါကာကွယ်ဆေး၊ ပြင်းထန်အဆုတ်ရောင် (ပီစီဗွီ)ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်း၊ ပိုလီယိုအစက်ချဆေး တိုက်ကျွေးခြင်းတို့အပြင် ကိုယ်ဝန်ဆောင်မိခင်များအား ကျန်းမာရေးစစ်ဆေးပေးခြင်း၊ မေးခိုင်ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို မြို့နယ်မိခင်နှင့်ကလေး စောင့်ရှောက်ရေး အသင်းအဖွဲ့ဝင်များက ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

 

 ခင်ခင်မာ(ပြန်/ဆက်)